AndroidNews

Xiaomi Mi 7 မှာ 8GB RAM ပါဝင်မယ်လို့ သတင်းထွက်

Xiaomi အနေနဲ့ Mi 7 ကို လာမယ့် MWC 2018 မှာ Snapdragon 845 နဲ့အတူ မိတ်ဆက်ပေးမယ်လို့ ဒီဇင်ဘာလအတွင်းက ပြောဆိုထားခဲ့ပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရ Mi 7 ကို ကြေငြာဖို့ နောက်ဆုတ်ထားပြီး အဲ့ဒီအစား Mi Mix 2s ကို မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ Mi 7 ရဲ့ Screenshot တခု ပေါက်ကြားထွက်ပေါ်လာပြီး April လမှာ မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။ RAM 8GB နဲ့အတူ Battery အနေနဲ့ 4480mAh ပါဝင်မယ်လို့ ဆိုပါတယ်။

တခြားထွက်ပေါ်ထားတဲ့သတင်းတွေအရ Snapdragon 845၊ 16MP + 16MP ရှိတဲ့ Dual Camera Setup နဲ့ 5.6 လက်မရှိတဲ့ FullHD+ Resolution ရှိတဲ့ Display တို့ ပါဝင်မယ်လို့ ဆိုပါတယ်။ Storage အနေနဲ့တော့ 128GB လို့ ဖော်ပြထားပါတယ်။

UI အနေနဲ့ MIUI 8.1.30x လို့ Screenshot ထဲမှာ ဆိုထားပါတယ်။ ဒါကြောင့် ဒီ Version ဟာ January 30, 2018 က ထုတ်လုပ်ထားတဲ့ Version ဖြစ်ပါတယ်။ Xiaomi အနေနဲ့ လွန်ခဲ့တဲ့ 5 နှစ်လောက်က Device တွေအပါအဝင် Device ၄၀ ကျော်ကို MIUI 9 ထိ Update ထုတ်လုပ်ပေးထားပြီး ဖြစ်လို့ Mi 7 အနေနဲ့ဒီအရင် Version နဲ့ ထွက်လာဖို့ မဖြစ်နိုင်ပါဘူး။

Back to top button