AndroidGadgetsNewsSamsung

Galaxy S9 နဲ့အတူ Wireless Charger အသစ်ကို မိတ်ဆက်ဖွယ်ရှိ

Samsung အနေနဲ့ Galaxy S9 ကို မကြာခင်မှာ မိတ်ဆက်ဖို့ရှိပြီး Fast Wireless Charger အသစ်ကိုပါ တပါတည်း မိတ်ဆက်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပေါက်ကြားလာတဲ့ User Manual ထဲက အချက်အလက်တွေအရ အခု Wireless Charger အသစ်မှာ Coil နှစ်ခုပါဝင်ပြီး Fast Charging ကို 9V/11.67A၊ 9V/2A ဒါမှမဟုတ် 12V/2.1A အထိ ထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။

Charger အနေနဲ့ အခုလက်ရှိ Charging Pad နဲ့ ပုံစံချင်း ဆင်တူပြီး နောက်ကျောဘက်မှာ Power Input အတွက် USB C ပေါက်နဲ့ အပူစုတ်ထုတ်ဖို့ Fan ပါဝင်ပါတယ်။ ဒါ့အပြင် LED Indicator မီးပါဝင်ပြီး အနီရောင်လင်းပါက အားသွင်းနေတယ်ဆိုတာကို ပြတာဖြစ်ပြီး အစိမ်းကတော့ အားသွင်းဖို့ အဆင်သင့်ဖြစ်နေတာကို ပြတာဖြစ်ပါတယ်။ တဖျတ်ဖျတ်လင်းနေရင်တော့ Error တစ်ခုခုရှိနေပြီလို့ ဆိုလိုပါတယ်။

ကာဗာနဲ့ Case တွေလည်း ပေါက်ကြားထွက်ပေါ်လာပြီး ပုံတွေအရ Galaxy S9+ မှာ Dual Camera ပါဝင်မယ်ဆိုတာကို ပိုမိုသေချာစေပါတယ်။

 

Source
GSMArena
Back to top button