AppleGadgetsiOSNews

မကြာခင်မှာ သိရတော့မယ့် Apple ဆီက ကြေငြာချက်ကြီး ၃ ခု

Apple ရဲ့ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Worldwide Developers Conference (WWDC) ကို လာမယ့် June လ 4 ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

WWDC ဟာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အရေးကြီးတဲ့ ပွဲတွေထဲက တခုဖြစ်ပါတယ်။ ဒီပွဲအတွင်း iPhone တွေ Mac တွေအပါအ၀င် Apple အနေနဲ့ ထုတ်လုပ်မယ့် ပစ္စည်းတွေရဲ့ Preview တွေကို မြင်တွေ့ရတတ်ပါတယ်။ ဒီပွဲရဲ့ အဓိကအကြောင်းအရာက iPhone iPad တွေရဲ့ Software ဖြစ်တဲ့ iOS အကြောင်း ဦးစားပေးပြောဆိုလေ့ရှိပါတယ်။ Apple အနေနဲ့ လာမယ့် iOS Version မှာ ပါဝင်လာမယ့် လုပ်ဆောင်ချက်အသစ်တွေ အကြောင်း ဒီပွဲမှာ ပြောကြားလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ လုပ်ဆောင်ချက် အသစ်တွေထပ်မံထည့်သွင်းဖို့ အစား ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေရရှိဖို့ ဦးစားပေးမယ်လို့ ယူဆရပါတယ်။

ဒါတွေကတော့ လာမယ့် WWDC မှာ မြင်တွေ့ရနိုင်မယ်လို့ ယူဆထားတာတွေဖြစ်ပါတယ်။

Mac မှာရော iPhone မှာပါ အလုပ်လုပ်နိုင်တဲ့ App များ

၂၀၁၇ အတွင်းက Bloomberg ကဖော်ပြခဲ့တဲ့ သတင်းတွေအရ Apple အနေနဲ့ Developers တွေကို iPhone မှာရော Mac မှာပါ အလုပ်လုပ်နိုင်တဲ့ တနည်းအားဖြင့် ထည့်သွင်းအသုံပြုနိုင်တဲ့ App တွေဖန်တီးနိုင်မယ့် နည်းလမ်းတွေကို မိတ်ဆက်ပေးလိမ့်မယ်လို့ ယူဆရတဲ့အကြောင်း သိရပါတယ်။ တကယ်လို့ ဒီသတင်းမှန်ခဲ့မယ်ဆိုရင် ဒါကို မိတ်ဆက်ဖို့ အကောင်းဆုံးအချိန်ဟာ App ရေးသားသူတွေ ထောင်ချီတက်ရောက်မယ့် WWDC ပဲ ဖြစ်ပါတယ်။ သတင်းထဲက အဆိုအရ ဒီလို App တွေဟာ သုံးစွဲမယ့် ပစ္စည်းအပေါ်မူတည်ပြီး Touchscreen တွေနဲ့ အလုပ်လုပ်နိုင်သလို Trackpad တို့ Mouse တို့နဲ့လည်း အလုပ်လုပ်နိုင်မယ်လို့ သိရပါတယ်။

ဒီလို Platform အစုံမှာ အသုံးပြုနိုင်မယ့် App တွေဖန်တီးနိုင်ဖို့ဟာ ဖြစ်လာနိုင်ခြေရှိပါတယ်။ iPad Pro ထွက်လာတဲ့ ၂၀၁၅ ကစလို့ Apple အနေနဲ့ ဒီလမ်းကြောင်းကိုသွားဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး iPad တွေကိုလည်း Laptop ကို အစားထိုးနိုင်တဲ့ အရာတခုဖြစ်အောင် လုပ်ဆောင်နေပါတယ်။ လွန်ခဲ့တဲ့နှစ် iOS 11 Update မှာ iPad တွေအတွက် အလုပ်တွင်စေဖို့အပါအ၀င် လုပ်ဆောင်ချက်အသစ်တွေ အများအပြားပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် Mac တွေမှာလို ပိုကြီးလာတဲ့ Dock ပါဝင်လာသလို File Manager App လည်း ပါဝင်လာပါတယ်။  Developer တွေကို iOS နဲ့ Mac တွေပေါ်မှာ အတူတူ အသုံးပြုနိုင်တဲ့ App တွေကို ရေးခွင့်ပေးလိုက်ခြင်းဟာလည်း ဒီအကြောင်းအရာကို ဦးတည်နေတဲ့ ခြေလှမ်းတွေထဲက တခုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Apple အနေနဲ့ Microsoft ဆီက ဈေးကွက်တချို့ကို ခွဲယူဖို့ ကြိုးစားတာလို့လည်း ပြောလို့ရပါတယ်။ Microsoft အနေနဲ့ Windows အသုံးပြုထားတဲ့ Device တွေမျိုးစုံပေါ်မှာ အသုံးပြုနိုင်တဲ့ App တွေရေးနိုင်အောင် Developer တွေကို ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။

iOS 12

Apple အနေနဲ့ iPhone တွေနဲ့ iPad အတွက် ထပ်မံထည့်သွင်းပေးမယ့် လုပ်ဆောင်ချက် အသစ်တွေကို WWDC မှာ မိတ်ဆက်ပြသလေ့ရှိခဲ့သလို ဒီနှစ်လည်း အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲလာနိုင်တာတခုက ဒီ Update တွေမှာ ပါဝင်လာမယ့်အရာတွေ ဖြစ်ပါတယ်။

Apple အနေနဲ့ iOS 12 လို့ခေါ်ဆိုမယ့် ဒီ iOS အသစ်မှာ အရင်လို လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းတာကို ဦးစားမပေးတော့ပဲ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာအောင် ဦးစားပေးအာရုံစိုက်လိမ့်မယ်လို့ Axios ရဲ့ အဆိုအရ သိရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ လတွေအတွင်းက iOS Update တွေမှာ ကြုံတွေ့ရတဲ့ Software ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့်လို့ ယူဆရပါတယ်။ ပြဿနာတခုကတော့ iPhone တွေမှာ “i” ရိုက်လိုက်တဲ့အခါ “A” လို့ အလိုအလျောက်ပြောင်းသွားတာဖြစ်ပြီး နောက်တခုကတော့ December 2 ရက် 12:15 AM ကို ရောက်တဲ့အခါ iPhone ဟာ ဟန်းသွားတာဖြစ်ပါတယ်။ ပိုပြီးဆိုတာတခုက Mac မှာရှိတဲ့ အားနည်းချက်တခုကို အသုံးပြုပြီး Hacker တွေအနေနဲ့ Password ရိုက်စရာမလိုဘဲ System Administrator ကို ၀င်ရောက်သုံးစွဲနိုင်တဲ့ အားနည်းချက်ဖြစ်ပါတယ်။ နောက်တခုကတော့ အခုထိ ဖြေရှင်းနေရဆဲဖြစ်တဲ့ iPhone အဟောင်းတွေကို ဘက်ထရီမကောင်းတော့တဲ့အခါ Performance ကို လျှော့ချပစ်ရာက စခဲ့တဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လုပ်ဆောင်ချက်အသစ်တွေ လုံးဝပါဝင်လာမှာမဟုတ်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ Apple အနေနဲ့ AR အကြောင်း၊ Digital Health နဲ့ Parental Control ( မိဘတွေက သားသမီးတွေရဲ့ ဖုန်း ကွန်ပျူတာ အသုံးပြုမှုတွေကို ထိမ်းချုပ်နိုင်တဲ့ လုပ်ဆောင်ချက်) စတာတွေနဲ့ ပတ်သက်ပြီး ကြေငြာတာတချို့ ရှိလိမ့်မယ်လို့ Axios ရဲ့ အဆိုအရ သိရပါတယ်။ Apple အနေနဲ့ ARKit နဲ့ ပတ်သက်တာတွေအတော်များများကို ဒီ WWDC မှာ ပြောကြားလိမ့်မယ်လို့ ယူဆရပါတယ်။ AR ဟာ မကြာသေးခင်ကမှ စတင်ခဲ့တဲ့ လုပ်ဆောင်ချက်အသစ်တခုဖြစ်ပြီး Developer တွေကို AR App တွေဖန်တီးအောင် တိုက်တွန်းအားပေးဖို့ လုပ်ဆောင်မယ်လို့ ယူဆရပါတယ်။ တခြား Home Screen ကို ပြောင်းလဲတာတွေ၊ အဓိက App တွေကို Update လုပ်တာတွေအနေနဲ့ ၂၀၁၉ အတွင်းမှာမှ ပါဝင်လာလိမ့်မယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါ့အပြင် Apple အနေနဲ့ ခါတိုင်းလိုပဲ Mac, Apple Watch, Apple TV နဲ့ တခြား Device တွေအတွက် အသစ်ပါဝင်လာမယ့်ဟာတွေအကြောင်းလည်း ပြောကြားဖို့ ရှိနေပါတယ်။ လွန်ခဲ့တဲ့ MacOS Update တွေမှာ Content တွေကို Apple Device တွေအချင်းချင်း Share လုပ်တဲ့နေရာမှာ လွယ်ကူအောင် လုပ်ဆောင်ခဲ့ပြီး အဓိက App တွေဖြစ်တဲ့ Mail တို့ Photos တို့ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေတာကြောင့် ဒီနှစ်လည်း ဒီလိုမျိုးလမ်းကြောင်းပေါ်မှာပဲ ရှိနေလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Apple အနေနဲ့ WWDC ကို အသုံးချပြီး HomePod မှာပါဝင်တဲ့ Siri နဲ့ သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို စိတ်ဝင်စားလာအောင် Developers တွေကို ချပြလိမ့်မယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ အစောပိုင်းထွက်လာတဲ့ သုံးသပ်ချက်တွေအရ Siri ဟာ ပြိုင်ဖက်တွေရဲ့ နောက်မှာ ကျန်နေခဲ့ပြီး မယှဉ်ပြိုင်နိုင်သေးဘူးလို့ ဆိုကြတာကြောင့်ပါ။

AirPods အသစ်

Apple အနေနဲ့ WWDC မှာ Hardware ပစ္စည်းတွေအကြောင်း ကြေငြာလေ့ မရှိပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ကတော့ HomePod ကို ကြေငြာခဲ့ပါတယ်။ Apple အနေနဲ့ Wireless Chip အသစ်ပါဝင်တဲ့ AirPods အသစ်ကို ပြုလုပ်နေပြီး ဒါကို WWDC မှာ မိတ်ဆက်ပေးကောင်း ပေးနိုင်ပါတယ်။

Apple အနေနဲ့ Hey Siri လို့ ခေါ်ဆိုအသုံးပြုနိုင်တဲ့ AirPods အသစ်ကို ဒီနှစ်အတွင်းမှာ ထုတ်လုပ်လိမ့်မယ်လို့ ဖေဖော်ဝါရီလကထွက်ခဲ့တဲ့ Bloomberg ရဲ့ သတင်းက ဆိုပါတယ်။ တကယ်လို့ Apple အနေနဲ့ WWDC မှာ Siri အကြောင်း စိတ်ဝင်စားအောင် ပြောဆိုဖို့ AirPods တွေကို မိတ်ဆက်ပေးခြင်းဖြင့် အခွင့်အရေးရနိုင်ပါတယ်။

ဒီသတင်းထဲမှာပဲ Apple အနေနဲ့ ရေစိုခံတဲ့ AirPods အသစ်ကို လာမယ့် ၂၀၁၉ မှာ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တခြား Bloomberg ရဲ့ သတင်းတပုဒ်မှာ Apple အနေနဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ Bose လိုမျိုး Brand တွေနဲ့ ပြိုင်ဖို့ တန်ဖိုးမြင့် နားကြပ်တမျိုးကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် ဒီနှစ်ခုကတော့ လာမယ့် WWDC မှာ မြင်တွေ့ရမှာမဟုတ်ဘဲ နောက်နှစ်မှာမှ တွေ့မြင်ရဖို့ ရှိနေပါတယ်။

Back to top button