AppleFeaturedNews

iPhone 13, iPhone 13 Pro, Apple Watch Series 7, iPad 9 နဲ့ iPad Mini 6 တို့ကို Apple မိတ်ဆက်

မနေ့က ကျင်းပခဲ့တဲ့ Apple September Event 2021 မှာ ၂၀၂၁ အတွက် Apple ပစ္စည်းသစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီပွဲမှာ အများစု မျှော်လင့်မထားသေးတဲ့ iPad နဲ့ iPad Mini မျိုးဆက်သစ်တွေကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမယ့် သတင်းတွေ ပေါက်ကြားခဲ့တဲ့ AirPods 3 တော့ ပါဝင်လာခြင်း မရှိပါဘူး။

iPad 9

Apple ရဲ့ ဈေးအသက်သာဆုံး Entry Level iPad ကို ပထမဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ iPad ဟာ အရင် iPad 8 လိုပဲ ဒီဇိုင်းပိုင်းတွေ ပြောင်းလဲမှုမရှိဘဲ အဆင့်မြှင့်တင်မှု အနည်းငယ်သာ ပြုလုပ်ပေးထားပါတယ်။ Performance ပိုင်း ပိုမိုကောင်းမွန်လာဖို့ A13 Bionic Processor ကို ထည့်သွင်းပေးထားပါတယ်။ Apple ရဲ့ အဆိုအရ Performance ပိုင်း ၂၀% ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။ Design ပိုင်းအနေနဲ့ မပြောင်းလဲပေမယ့် ဒီ Entry Level iPad မှာ True Tone Display ပါဝင်လာပါတယ်။ ဒီ True Tone လုပ်ဆောင်ချက်ဟာ ပတ်ဝန်းကျင်မှာရှိတဲ့ အရောင်အခြေအနေပေါ်မူတည်ပြီး iPad ရဲ့ Display မှာ Color Temperature ကို ပြောင်းလဲပေးတာဖြစ်ပါတယ်။ အထူးသဖြင့် စာဖတ်တဲ့အခါမျိုးမှာ အသုံးဝင်ပြီး စာရွကိပေါ်ဖတ်ရသလိုမျိုးဖြစ်အောင် လုပ်ဆောင်ပေးထားတာဖြစ်ပါတယ်။ တခြား iPhone တွေ iPad တွေမှာတော့ ဒီလုပ်ဆောင်ချက်ပါဝင်လာတာ ကြာပါပြီ။ ဒါ့အပြင် Video Call တွေ Zooming တွေမှာ အသုံးပြုနိုင်ဖို့ Ultra Wide Selfie Camera ပါဝင်လာပါတယ်။ ဒီ ကင်မရာဟာ Center Stage လုပ်ဆောင်ချက်ကို အထောက်အပံ့ပေးထားပါတယ်။ Center Stage လုပ်ဆောင်ချက်ဟာ 2021 iPad Pro တွေမှာ စတင် ပါဝင်လာတဲ့ လုပ်ဆောင်ချက်တခုဖြစ်ပြီး Video Call တွေပြောတဲ့အခါ ပြောနေတဲ့သူရှိတဲ့ဆီ ကင်မရာကို လိုက်ရွေ့ပြီး ပြသပေးနိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

ဒါ့အပြင် Storage အနေနဲ့ နှစ်ဆမြှင့်ပေးထားပြီး အနိမ့်ဆုံး 64GB က စတင်ရရှိနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ပြောင်းလဲမှုမရှိဘဲ ၃၂၉ ဒေါ်လာနဲ့ စတင်ပြီး ဝယ်ယူရရှိနိုင်ပါတယ်။ Pre-Order များ စတင်လက်ခံနေပြီး စက်တင်ဘာ ၂၄ မှာ စတင်ဖြန့်ချိရောင်းချမယ်လို့ ဆိုပါတယ်။

iPad Mini

iPad 9 အပြင် သတင်းတွေထွက်နေတာကြာပြီဖြစ်ပေမယ့် ဒီပွဲမှာ မိတ်ဆက်မယ်လို့ ထင်မထားကြတဲ့ iPad Mini ကို လည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ iPad Mini Update မှာတော့ Design ပိုင်းတွေပါ လုံးဝပြောင်းလဲသွားပြီး iPad Air နဲ့ iPad Pro တို့ပုံစံ Home Button မပါဝင်တော့တဲ့ ဒီဇိုင်းကို ပြောင်းလဲထားပါတယ်။ FaceID တော့ မပါဝင်ဘဲ ဒီအစား iPad Air မှာလိုပဲ TouchID ကို Power Button မှာ ထည့်သွင်းပေးထားပါတယ်။ အရင် Lightning Port အစား USB C Port ကို ပြောင်းလဲတပ်ဆင်ပေးထားပြီး Second Generation Apple Pencil ကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Apple ရဲ့ နောက်ဆုံးထွက် A15 Bionic Processor ကို တပ်ဆင်ပေးထားပြီး Performance ပိုင်းအနေနဲ့ 40% ပိုမိုမြန်ဆန်လာပြီး GPU ပိုင်းအနေနဲ့ 80% ပိုမိုမြန်ဆန်လာမယ်လို့ ဆိုပါတယ်။

Camera ပိုင်းအနေနဲ့ iPad 9 လိုပဲ Ultra Wide Angle Selfie Camera ပါဝင်ပြီး Center Stage လုပ်ဆောင်ချက်ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် နောက်ကျောဘက်မှာ 12 MP ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပြီး True Tone Flash ပါ ပါဝင်ပါတယ်။ ဒါ့အပြင် 5G Version ကိုပါ ရရှိနိုင်ပြီး ဈေးနှုန်းအနေနဲ့ 64GB Version အတွက် ၄၉၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ 256GB အထိ ရွေးချယ်ဝယ်ယူနိုင်ပါဆယ်။ iPad 9 လိုပဲ ရောင်းချမယ့်ရက် တူညီပါတယ်။

Apple Watch Series 7

Apple Watch Series 7 အနနေဲ့ ပေါက်ကြားထားခဲ့တဲ့ သတင်းတွေနဲ့ လုံးဝမတူဘဲ ပွဲထွက်လာခဲ့ကာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယိ။ ဒီဇိုင်းပိုင်း ကြီးကြီးမားမား ပြောင်းလဲမဥမရှိဘဲ Display အနေနဲ့ ပိုမိုကြီးလာပြီး 41mm နဲ့ 45mm ဆိုပြီး ရရှိနိုင်ပါတယ်။ ဘေးအနားတွေ ပိုမိုသေးငယ်သွားတာကြောင့် Display အတွက်နေရာပိုရလာတာ ဖြစ်ပါတယ်။ ဘေးအနားတွေဟာ 40% ထိ ပိုမိုသေးငယ်သွားတယ်လို့ ဆိုပါတယ်။ အရင်ရှိပြီးသား Watch Band ကို ဆက်လက်အသုံးပြုနိုင်ပါတယ်။ သိသိသာသာကောင်းမွန်လာတာက Charging Speed ဖြစ်ပြီး 0 ကနေ 80% ထိကို ၄၅ မိနစ်နဲ့ သွင်းနိုင်မယ်လို့ဆိုပါတယ်။ ဒီတခါပါလာမယ့် အားသွင်းကြိုးက Type C ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

အရောင်တွေအနေနဲ့ Aluminum Version မှာ ၅ မျိုးရနိုင်ပြီး green, blue, red, starlight, နဲ့ silver တို့ဖြစ်ပါတယ်။ Stainless Steel နဲ့ Titanium Version တွေအနေနဲ့ အရောင်တွေ မပြောင်းလဲဘဲ Series 6 တုန်းကလိုပဲ silver, graphite, gold, natural, နဲ့ space black ဆိုပြီး ရနိုင်ပါတယ်။ Apple Watch Series 7 ဝယ်ယူရရှိနိုင်မယ့်အချိန်ကို အတိအကျ ကြေငြာသွားတာမရှိပါဘူး။ ဖြစ်နိုင်ချေအနေနဲ့ နိုဝင်ဘာ ဒီဇင်ဘာလောက်မှ ရရှိနိုင်ချေရှိပါတယ်။ ထုတ်လုပ်ရမှာ နည်းပညာပိုင်းအခက်အခဲတွေကြောင့် ရောင်းချနိုင်ချိန် နောက်ကျနိုင်တယ်လည်း အရင်ကတည်းက သတင်းတွေ ထွက်ထားပါတယ်။

iPhone 13

iPhone 13 mini, iPhone 13, iPhone 13 Pro နဲ့ iPhone 13 Pro Max တွေအနေနဲ့ ဒီဇိုင်းပိုင်းမှာ သိသိသာသာပြောင်းလဲသွားတာမျိုးမရှိဘဲ Notch အနေနဲ့ ၂၀% ပိုမိုသေးငယ်သွားတယ်လို့ဆိုပါတယ်။

iPhone 13 Mini နဲ့ iPhone 13 ရဲ့ Display တွေမှာပါဝင်တဲ့ Super Retina XDR Display အနေနဲ့ အပြင် Outdoor တွေမှာ ထင်ထင်ရှားရှားပြသနိုင်ဖို့ Brightness ပိုများလာပါတယ်။ Apple ရဲ့အဆိုအရ ၂၈% ပိုမိုလာပြီး HDR Content တွေကြည့်ဖို့အတွက်လည်း Peak Brightness ပိုမိုများပြားလာပါတယ်။ ကင်မရာပိုင်းအနေနဲ့လည်း အလင်းတွေကို လက်ခံနိုင်နှုန်း ၄၇% ပိုမိုလာတာကြောင့် မှောင်နေတဲ့နေရာတွေမှာ ပုံတွေကို Noise နည်းနည်းနဲ့ ပိုမိုကောင်ူမွန်အောင် ရိုက်ကူးလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Image Stabilization အတွက် အရင် iPhone 12 Pro Max မှာပဲပါဝင်တဲ့ Sensor Shift OIS ကို ခု iPhone 13 နဲ့ 13 Mini တွေမှာပါ ထည့်သွင်းပေးထားပါတယ်။

ဒါ့အပြင် iPhone 13 တွေမှာ Cinematic Mode ပါဝင်လာပြီး ဓာတ်ပုံတွေမှာပါတဲ့ Portrait Mode လုပ်ဆောင်ချက်မျိုးကို Video တွေမှာ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။ လူတွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ အရာဝတ္ထုတွေကိုရိုက်ကူးရာမှာ ဒီ Cinematic Mode ကိုအသုံးပြုပြီး အလိုအလျောက် Focus ပြောင်းတာတွေ လုပ်နိုင်လာမှာဖြစ်ပါတတယ်။ Focus Mode နဲ့ နောက်ခံတွေဝါးပေးတဲ့ Bokeh Level တွေကို ရိုက်ကူးနေချိန်မှာနဲ့ ရိုက်ကူးပြီးချိန်မှာပါ ပြောင်းလဲချိန်ညှိနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Photographic Style ဆိုတဲ့လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ ဒါဟာ Filter တွေလိုမျိုးလုပ်ဆောင်ပေးမှာဖြစ်ပြီး ဓာတ်ပုံရဲ့ အခြေအနေအလိုက် ချိန်ညှိပေးမှာဖြစ်ပြီး ပုံမှန် Filters တွေလိုမျိုး ပုံတခုလုံးကို ချိန်ညှိပေးတာမျိုးမဟုတ်ပါဘူး။

Performance ပိုင်းအနေနဲ့ နောက်ဆုံးထွက် A15 Bionic Chip ကိုထည့်သွင်းပေးထားပါတယ်။ ဒီနှစ်ထူးခြားတာကတော့ iPhone 13 တွေရဲ့ Performance ကို iPhone 12 တွေရဲ့ Performance နဲ့ နှိုင်းယှဉ်ပြသွားတာမျိုး မရှိတာပါပဲ။ ဒါ့ကြောင့် ဘယ်လောက်ပိုမြန်ပိုကောင်းလာတယ်ဆိုတာ သေချာ မသိရပါဘူး။ ဒါပေမယ့် Battery ပိုင်းအနေနဲ့ iPhone 13 ဟာ iPhone 12 ထက် ၂ နာရီခွဲ ပိုမိုကြာရှည်ခံနိုင်ပြီး iPhone 13 mini ကတော့ 12 mini ထက် ၁ နာရီခွဲ ပိုမိုအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ပြောင်းလဲမှုမရှိပါဘူး။ ဒါ့အပြင် Storage အနေနဲ့ နှစ်ဆတိုးလာပြီး 128GB မှ စတင်မှာဖြစ်ပြီး 13 Mini အတွက် $699 ကျသင့်ကာ 13 အတွက်တော့ $799 ကစတင်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ red, starlight, midnight, pink နဲ့ blue ဆိုပြီး ရရှိနိုင်ပါတယ်။ လာမယ့် သောကြာနေ့ September 17 မှာ Pre-Order စတင်လက်ခံမှာပြီး September 24 မှာ စတင်ဖြန့်ချိရောင်းချပေးမှာ ဖြစ်ပါတယ်။

iPhone 13 Pro

iPhone 13 Pro နဲ့ iPhone 13 Pro Max တွေအနေနဲ့လည်း ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးမရှိဘဲ iPhone 12 Pro တွေနဲ့ ခပ်ဆင်ဆင်ပဲဖြစ်ပါတယ်။ iPhone 13 တွေမှာလို Notch ပိုမိုသေးငယ်သွားပြီး ကင်မရာပိုင်းအနေနဲ့တော့ သိသိသာသာ အပြင်ကို ထွက်နေတာ တွေ့ရပါတယ်။ iPhone 13 မှာပါတဲ့ လုပ်ဆောင်ချက်တွေအားလုံး iPhone 13 Pro နဲ့ 13 Pro Max တွေမှာပါဝင်ပါတယ်။

ဒါ့အပြင် အဆင့်မြင့်ဆုံး Model တွေဖြစ်တာနဲ့အညီ သီးသန့်လုပ်ဆောင်ချက်တွေလည်းပါဝင်ပါတယ်။ Ultra Wide Camera ဟာ အမှောင်ထဲ ရိုက်ကူးရာမှာ 92% ထိပိုမိုကောင်ူးမွန်လာပါတယ်။ f/1.8 Aperture ပါဝင်ပြီး Auto Focus နဲ့အတူ 6 elements lens ပါဝင်ပါတယ်။ Main Camera မှာ f/1.5 Aperture ပါဝင်ပြီး မှောင်နေတဲ့နေရာတွေမှာ ရိုက်ကူးတဲ့အခါ အရင်ကထက် ၂.၂ ဆ ပိုမိုကောင်းမွန်လာတယ်လို့ဆိုပါတယ်။ ဒါ့အပြင် Telephoto Camera ဟာ ၃ ဆအထိ ဆွဲယူရိုက်ကူးပေးနိုင်လာပါတယ်။

Ultra Wide Camera ဟာ အနီးကပ်ရိုက်ကူးမှု Micro Photography တွေ လုပ်ဆောင်နိုင်လာပြီး အနည်းဆုံး 2cm အကွာအဝေးထိ Focus ဖြတ်ပေးနိုင်ပါတယ်။ Smart HDR 4 ပါဝင်လာပြီး ProRes Format နဲ့ ဗီဒီယိုတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်မရာအားလုံးမှာ Night Mode ရိုက်ကူးပေးနိုင်ပါတယ်။

Display ပိုင်းအနေနဲ့ ProMotion လုပ်ဆောင်ချက်ပါဝင်လာပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အသုံးပြုနေတဲ့အနေအထားပေါ်မူတည်ပြီး Refresh Range ကို 10Hz ကနေ 120Hz ကြား လိုသလို ချိန်ညှိပေးနိုင်ပါတယ်။ iPhone တွေမှာ 120Hz Display ပါဝင်ဖို့ တောင်းဆိုနေကြတာ ကြာပါပြီ။ ဝမ်းနည်းစွာနဲ့ပဲ ဒီလုပ်ဆောင်ချက်ဟာ Pro Version တွေမှာပဲ ပါဝင်လာပါသေးတယ်။

Battery ပိုင်းအနေနဲ့ iPhone 13 Pro ဟာ 12 Pro ထက် ၁ နာရီခွဲထိ ပိုမိုအသုံးခံနိုင်ပြီး 13 Pro Max ကတော့ 12 Pro Max ထက် ၂ နာရီခွဲကြာ ပိုမိုအသုံးခံမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ မပြောင်းလဲဘဲ 13 Pro 128GB အတွက် $999 ကျသင့်ကာ 13 Pro Max အတွက် $1099 ကစတင်ကျသင့်မှာပါ။ iPhone တွေမှာ ပထမဆုံးအဖြစ် 1TB Storage အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အရောင်တွေအနေနဲ့ graphite, gold, silver နဲ့ sierra blue ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ ရောင်းချမယ့်ရက်ကတော့ iPhone 13 တွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။

Back to top button