AndroidAppsHow-ToiOS

Facebook Messenger မှာ Dark Mode ရအောင် ပြုလုပ်နည်း

Facebook Messenger မှာ Dark Mode ကို လျှို့ဝှက် ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့် Messenger Setting မှာလိုက်ရှာရင် တွေ့မှာမဟုတ်ပါဘူး။

ဒါကို အသုံးပြုလို့ရအောင် Emoji လေးတခု ပို့ပေးရမှာဖြစ်ပါတယ်။ Messenger ကနေ တယောက်ယောက်ဆီကို Moon Emoji 🌙 လေး ပို့ပေးရမှာဖြစ်ပါတယ်။ ပြီးရင် Messenger ကို Forced Close လုပ်ပေးပြီး ပြန်ဖွင့်ရမှာပါ။ ပြန်ဖွင့်ပြီးတဲ့အခါ ပို့ထားတဲ့ 🌙 Moon Emoji လေးကို ထိပေးလိုက်တာနဲ့ လခြမ်းလေးတွေ ကျလာပြီးတဲ့အခါ Dark Mode ကို စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Dark Mode ကို Android ရော iOS မှာပါ အသုံးပြုလို့ရပါတယ်။

Back to top button