AndroidNews

ဖုန်းတလုံးကို မိနစ် ၂၀ အတွင်း အားသွင်းနိုင်မယ့် 125W Charging နည်းပညာကို Oppo မိတ်ဆက်

Fast Charging နည်းပညာပိုင်းမှာ Oppo ဟာ ရှေ့တန်းမှာရှိနေတယ်လို့ ပြောလို့ရပါတယ်။ OnePlus ဖုန်းတွေမှာသုံးတဲ့ Dash Charge System ရဲ့ နောက်ကွယ်မှာလည်း Oppo ရဲ့ နည်းပညာက ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ ဒီနေ့မှာတော့ Oppo အနေနဲ့ နောက်တိုးတက်မှုတစ်ခုအဖြစ် 125W ရှိတဲ့ Charging နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။

ဒီနည်းပညာကို အသုံးပြုပြီး 4000mAh ရှိတဲ့ ဖုန်းဘက်ထရီကို မိနစ် ၂၀ အတွင်း အားသွင်းနိုင်မှာဖြစ်ပြီး ဘက်ထရီရဲ့ 41% ကိုရောက်ဖို့တော့ ၅ မိနစ်ပဲ ကြာမှာဖြစ်ပါတယ်။ ဒီလိုရရှိဖို့ Power Adapter ကြီးကြီးတစ်ခု ထုတ်လုပ်ပြီး အားသွင်းလိုက်တာမျိုး မရိုးရှင်းပါဘူး။ ဒီလောက်မြန်မြန်နှုန်းနဲ့ အားသွင်းနိုင်ဖို့ Charger, Cable, Battery စတာတွေအကုန်လုံးကို စနစ်တကျ ဒီဇိုင်းဆွဲထုတ်လုပ်ရသလို လုံခြုံစိတ်ချရဖို့လည်း သတိထားရပါသေးတယ်။ Oppo ရဲ့အဆိုအရ ဒီဖုန်းဟာ double-6C cell တွေကိုသုံးထားတဲ့ ဘက်ထရီနည်းပညာကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဖုန်းကို တရားဝင်ကြေငြာထားခြင်း မရှိသေးပါဘူး။ ဒီတခါမှာတော့ Oppo ရဲ့ အရင် VOOC Charger မှာ အသုံးပြုထားတဲ့ USB-A ကို အသုံးပြုထားတာမဟုတ်ဘဲ Cable ရဲ့ နှစ်ဘက်စလုံးမှာ USB C ကို အသုံးပြုထားပါတယ်။

ဒီနညြးပညာ ပါဝငလြာမယ့ြ စမတဖြုနြးကိုတော့ Oppo အနနေဲ့ တရားဝငြ ရောငြးခခွှငြး မရှိသေးပါဘူးး။ဒါပမယေ့ြ ဒီလိုမွိုး လုပဆြောငခြကွြ အသဈအဆနြးတှကေို ဖုနြး တရားဝငမြိတမြဆကခြငြ ကှိုတငကြှငှောလေ့ ရှိကှပါတယြ။ လောလောဆယမြှာ အမှနဆြုံးနှုနြးနဲ့ အားသှငြးလို့ရတဲ့ဖုနြးကတော့ Oppo Reno Ace ဖှဈပါတယြ။။ ဒီဖုနြးမှာ 4000mAh ဘကထြရီပါဝငပြှီး စမြးသပမြှုတှအရေ 65W Charger ကိုအသုံးပှုအားသှငြးမယဆြိုပါက အားအပှည့ရြောကဖြို့ ၃၁ မိနဈပဲ ကှာမယလြို့ ဆိုပါတယြ။ နညြးပညာပိုငြးနဲ့ ပိုငဆြိုငမြှုပိုငြးမှာ Oppo နဲ့အတူ မွှဝထေားတဲ့ Vivo ကနေ 120W အသုံးပှုထားတဲ့ နညြးပညာကို လှနခြဲ့တဲ့နှဈက ကှငှောခဲ့ပှီး 4000mAh ရှိတဲ့ Battery ကို ၁၃ မိနဈနဲ့ အားအပှည့သြှငးနြိုငမြယလြို့ဆိုပါတယြ။ ဒါပမယေ့ြ ဒီနညြးပညာကို အသုံးပှုထားတဲ့ ဖုနြးကိုတော့ ယခုထိ ထုတလြုပရြောငြးခခွှငြး မရှိသေးပါဘူး။

Oppo အနေနဲ့ Wireless Charging နည်းပညာနဲ့ပတ်သက်ပြီးတော့ အသုံးပြုဖို့ အလွန်နှေးကွေးခဲ့ပြီး ဒီလို Wireless Charging ပါတဲ့ ပထမဆုံးစမတ်ဖုန်းကို ဒီနှစ်အစပိုင်းကမှ ကြေငြာခဲ့တာပါ။ ဒါပေမယ့် ဒီတခါမှာတော့ အမြန်ဆုံး Wireless Charger စနစ်လည်း ရှိနေပြီလို့ ဆိုပါတယ်။ သူ့ရဲ့ 65W AirVOOC နည်းပညာဟာ 4000mAh ရှိတဲ့ ဘက်ထရီကို မိနစ် ၃၀ နဲ့ အားအပြည့်သွင်းနိုင်ပြီး လောလောဆယ်အသုံးပြုနေကြတဲ့ Wireless Charging နည်းစနစ်တွေထက် ပိုမြန်တယ်လို့ ဆိုပါတယ်။

Oppo အနေနဲ့ ဒီ 65W AirVOOC Charger ကို ဒီဇိုင်းထုတ်ထားပြီးဖြစ်ပေမယ့် ဘယ်အချိန်မှာ ရနိုင်မယ်၊ ဘယ်ဖုန်းတွေကို ထောက်ပံ့ပေးမယ်ဆိုတာကိုတော့ အခုထိ ကြေငြာခြင်း မရှိသေးပါဘူး။ ဒီနှစ်မှာထုတ်လုပ်ခဲ့တဲ့ Oppo ရဲ့ အဓိကထုတ်ကုန် Flash Smartphone ဖြစ်တဲ့ Find X2 Pro မှာ Wireless Charging မပါဝင်တာဟာ ကြီးမားတဲ့ အားနည်းချက်တစ်ခုဖြစ်ခဲ့တာကြောင့် Oppo အနေနဲ့ ဒီနည်းပညာကို သေချာစူးစိုက်ပြီး လုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါ့အပြင် GaN နည်းပညာအသုံးပြုထားတဲ့ Charger တွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ ဒီနည်းပညာနဲ့ Charger တွေရဲ့ ဆိုဒ်တွေကို လျှော့ချလာနိုင်ပါတယ်။ လိပ်စာကဒ်ဆိုဒ်လောက်ပဲရှိတဲ့ 50W mini SuperVOOC charger နဲ့အတူ ပုံမှန် 18W Charger လောက်ပဲရှိတဲ့ 110W mini flash charger ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

Back to top button