AndroidNews

Xiaomi Mi Mix 2S မှာ Sony IMX363 Camera Sensor ပါဝင်မည်ဟု ဆို

လွန်ခဲ့တဲ့ စနေနေ့က Weibo မှာ ပေါက်ကြားခဲ့တဲ့ ပုံတွေအရ Xiaomi Mi Mix 2S မှာ ၆ လက်မရှိတဲ့ Screen၊ Snapdragon 845၊ RAM 8GB နဲ့အတူ Dual Camera ပါဝင်မယ်လို့ သိခဲ့ရပါတယ်။ ဒီတခါမှာတော့ Firmware ဖိုင်တွေ ပေါက်ကြား ထွက်ပေါ်လာခဲ့ပြီး အရင်က ပေါက်ကြားခဲ့တဲ့ သတင်းတွေကို ပိုမိုသေချာစေခဲ့ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ ကင်မရာမှာ Sony IMX363 Sensor ပါဝင်မယ်လို့လည်း ဆိုပါတယ်။

ဒီ Dual Camera ဟာ Mi Mix Series အတွက် ပထမဆုံးပါဝင်လာတာဖြစ်ပြီး Scene Recognition လိုမျိုး AI Feature တွေ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒီဖုန်းမှာ ပုံမှန်ပါဝင်လေ့ မရှိတဲ့ MIUI Feature တွေ ပါဝင်လာဖွယ်ရှိပေမယ့် Object Tracking၊ auto HDR နဲ့ Chroma Flash လိုမျိုး Function တွေကို ဒီ Firmware မှာ အသုံးပြုမရအောင် ပိတ်ထားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် Final Version မှာ ဒါတွေကို ပြန်လည်ထည့်သွင်းပေးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

XDA Developers တွေရဲ့ အဆိုအရ 18:9 အချိုးရှိတဲ့ Screen နဲ့ ဒီဖုန်းဟာ Android Oreo နဲ့ ထွက်လာဖို့ ရှိပြီး dual SIM Tray၊ IR Sensor နဲ့ 3400mAh Battery တို့ ပါဝင်မယ်လို့ သိရပါတယ်။

Via
XDA Developers
Back to top button