AppleGadgetsNews

AirPods Model သစ်ကို Apple ပြုလုပ်နေ

Apple အနေနဲ့ Hey Siri Feature ပါဝင်တဲ့ AirPods အသစ်ကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်လုပ်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ Bloomberg ရဲ့ သတင်းတပုဒ်အရ သိရပါတယ်။ ဒီ AirPods အသစ်မှာ Wireless Chip အသစ်လည်း ပါဝင်မယ်လို့ ယူဆရပါတယ်။

ဒါဟာ လက်နဲ့ ထိတွေ့စရာမလိုဘဲ Siri ကို ခေါ်ဆို ခိုင်းစေနိုင်မှာဖြစ်လို့ လက်ရှိ AirPods ထက် သုံးစွဲရတာ ပိုမို အဆင်ပြေစေမှာပါ။ လက်ရှိ AirPods မှာ Siri ကို ခေါ်ဆိုလိုပါက လက်နဲ့ နှစ်ချက် ထိပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရေစိုခံတဲ့ AirPods ကိုလည်း စမ်းသပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Apple အနေနဲ့ AirPods လိုင်းကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘယ်လောက်အချိန်ကြာမှ Model သစ်တွေကို ထပ်မံထုတ်လုပ်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ လူကြိုက်များပေမယ့် Apple အနေနဲ့ Accessories တွေကို Model အသစ် ထပ်မံထုတ်လုပ်ပေးဖို့ အချိန်ကြာလေ့ ရှိပါတယ်။ ယခု လက်ရှိ AirPods ကို ၂၀၁၆ ဒီဇင်ဘာက မိတ်ဆက်ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

AirPods 2 မှာ Hey Siri လုပ်ဆောင်ချက် ပါဝင်လာပါက သီချင်းနားထောင်ဖို့ ထိန်းချုပ်တာ၊ အသံအတိုးအချဲ့ ထိန်းချုပ်တာတွေအပါအဝင် လုပ်ဆောင်ချက် တော်တော်များများကို အလွယ်တကူ အသံနဲ့ စေခိုင်းလာနိုင်မှာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ အသံအတိုးအချဲ့ ပြုလုပ်လိုပါက EarPods ကို လက်နဲ့ နှစ်ချက်ထိပြီး အသံတခုမြည်လာတာကိုစောင့်၊ ပြီးမှ Siri ကို ခေါ်ယူ စေခိုင်းရတာဖြစ်ပါတယ်။

Blomberg ရဲ့ အဆိုအရ AirPods Model သစ်မှာ အဆင့်မြှင့်ထားတဲ့ Wireless Chip ပါဝင်မယ်လို့ ဆိုပါတယ်။ ဒါဟာ Apple Watch Series 3 မှာ အသုံးပြုထားတဲ့ W2 Chip ကို အသုံးပြုထားတာ ဖြစ်နိုင်ပါတယ်။

ဒီ နားကြပ်ကို B288 အဖြစ် Code Name ပေးထားပြီး Bluetooth Connection ကို ထိန်းချုပ်ဖို့ အဆင်မြှင့်ထားတဲ့ Wireless Chip ပါဝယ်မယ်လို့ ဆိုပါတယ်။ 

လက်နဲ့ နှစ်ချက်ထိပြီး Siri ကို ခေါ်ဆိုရတာဟာ အမြဲတမ်း ကောင်းမွန်စွာ အလုပ်မလုပ်သလို တကယ်လို့ အလုပ်လုပ်ရင်လည်း ကြောင်တောင်တောင်နိုင်လှပါတယ်။ ဒါကြောင့် အခုလို ပြောင်းလဲ ရွေးချယ်စရာ ပါဝင်လာတာဟာ ကြိုဆိုရမယ့် အချက်ဖြစ်ပါတယ်။

မိုးရာသီမှာ AirPods ကိုသုံးစွဲလို့ ရပေမယ့် ရေစိုခံတဲ့အကြောင်း အဆင့်သတ်မှတ်ထားခြင်း မရှိပါဘူး။ Blomberg ရဲ့အဆိုအရ နောက်လာမယ့် AirPods Model အသစ် (ဥပမာ AirPods 3) မှာ ရေစိုခံအောင် ပြုလုပ်ဖို့ စမ်းသပ်ထုတ်လုပ်နေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းထဲမှာ AirPods Model သစ်ကို ဘယ်ချိန်မှာ ထုတ်လုပ်ရောင်းချမယ်ဆိုတာ ဖော်ပြမထားပါဘူး။ Apple အနေနဲ့ ယခုလက်ရှိ AirPods အတွက် Wireless Charging Case ကို ဒီနှစ်နှောင်းပိုင်းမှာ ထုတ်လုပ်ရောင်းချမယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် AirPods 2 ကို Wireless Charging Case နဲ့ အတူ မိတ်ဆက်ရောင်းချပေးမယ်လို့ ယူဆရပါတယ်။

Via
9To5Mac
Back to top button