AppleAppsNews

နှစ်သစ်ကူးနေ့ App Store မှာ ဈေးဝယ်ယူမှုပေါင်း ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုးရှိ

Apple ရဲ့ App Store မှာ အားလပ်ရက်ဈေးဝယ်ယူမှုဟာ စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။ ခရစ်စမတ်အကြိုနေ့ကစတင်တဲ့ ရက်သတ္တပတ်အတွင်း ၀ယ်ယူမှုစုစုပေါင်းဟာ ဒေါ်လာ သန်း ၈၉၀ ထိရှိခဲ့တယ်လို့ Apple ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ နှစ်သစ်ကူးတဲ့နေ့ တရက်အတွင်း ၀ယ်ယူမှုဟာ အံ့အားသင့်ဖွယ် ဒေါ်လာ သန်း ၃၀၀ ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်သစ်ကူးတဲ့နေ့ တရက်အတွင်း ၀ယ်ယူမှုဟာ အံ့အားသင့်ဖွယ် ဒေါ်လာ သန်း ၃၀၀ ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်

ထုတ်ပြန်ချက် တစ်ခုထဲမှာ iOS Developer တွေဟာ ၂၀၁၇ အတွင်း ဒေါ်လာ ၂၆.၅ ဘီလျံထိ ၀င်ငွေရရှိခဲ့တယ်လို့ Apple ရဲ့ Senior Voice President Phil Schiller က ပြောခဲ့ပါတယ်။ ဒါဟာ ၂၀၁၆ ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၈ ကတည်းက စတွက်မယ်ဆိုရင် Developer တွေအနေနဲ့ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၈၆ ဘီလျံထိရှိခဲ့ပါတယ်။

Apple အနေနဲ့ Apple အနေနဲ့ ARkit အသုံးပြုထားတဲ့ App ပေါင်း ၁၀၀၀ အောက်သာရှိတဲ့ဆိုတဲ့ သတင်းတွေအတွက်လည်း တုန့်ပြန်ခဲ့ပါတယ်။ သုံးစွဲသူတွေအနေနဲ့  ARkit App ပေါင်း ၂၀၀၀ ကျော်ကို အသုံးပြုနေကြပြီး ဒီထဲမှာ Pokemon Go အပါအ၀င် တခြား လူကြိုက်များတဲ့ ဂိမ်းတွေလည်း ပါဝင်တယ်လို့ ဆိုထားပါတယ်။

Back to top button