FeaturedNewsSamsung

ရေစိုခံနိုင်ပြီး S PEN အသုံးပြုလို့ရတဲ့ Galaxy Z Fold 3 ကို Samsung မိတ်ဆက်

August 11 ရက်နေ့မှာ ကျင်းပခဲ့တဲ့ Samsung ရဲ့ Unpacked Event မှာ ကုမ္ပဏီရဲ့ အမြင့်ဆုံး စမတ်ဖုန်းအမျိုးအစားအဖြစ် Galaxy Z Fold 3 ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါ့အပြင် Galaxy Z Flip 3, Galaxy Watch 4 နဲ့ Galaxy Buds 2 တို့ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။

Galaxy Z Fold 3 ဟာ ပထမဆုံးသော ရေစိုခံနိုင်တဲ့ Foldable Smartphone တစ်လုံးဖြစ်ပါတယ်။ IPX8 လက်မှတ်ရရှိထားတာကြောင့် ရေအောက် 1.5 မီတာမှာ မိနစ် ၃၀ အထိ ရေစိမ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါဟာ IPX8 ရဲ့ စံသတ်မှတ်ချက်ဖြစ်ပြီး လက်တွေ့မှာတော့ ဒီလိုစိမ်ပြီး စမ်းမကြည့်ဖို့ အကြံပြုလိုပါတယ်။ iPX8 ဆိုတာ IP58 တို့ IP68 တို့လိုမျိုး အမှုန်တွေ၊ ဖုန်မှုန့်လိုဟာမျိုးတွေရဲ့ဒဏ်ကနေ ကာကွယ်နိုင်ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် အရင် Z Fold 2 မှာတုန်းကလိုပဲ ကွေးခေါက်ပေးတဲ့ နေရာမှာ ဖုန်တွေသဲတွေ မဝင်အောင် ကာကွယ်ပေးထားတဲ့ Brush လိုမျိုးအရာတွေ ထည့်သွင်းကာကွယ်ပေးထားပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့လည်း ပိုမိုတောင့်တင်းလာပြီး Samsung ရဲ့အခေါ် Armor Aluminum ကိုသုံးထားပါတယ်။ ဒါဟာ လက်ရှိအချိန်မှာ အခိုင်ခံ့ဆုံးသော Aluminum Frame ဖြစ်တယ်လို့ Samsung က ဆိုထားပါတယ်။

Photo: CNET

Galaxy Z Fold 3 ရဲ့ ကွေးခေါက်နိုင်တဲ့ Display နဲ့ ရှေ့မျက်နှာပြင်မှာပါတဲ့ Display တွေဟာ 120Hz Refresh Rate ပါရှိပါတယ်။ ဒါ့အပြင် Note Series မှာလိုမျိုး S Pen ကို အသုံးပြုနိုင်လာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဖုန်းတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ S Pen ကိုပဲ အသုံးပြုနိုင်မှာဖြစ်ပြီး သီးသန့်ဝယ်ယူရမှာဖြစ်ပါတယ်။ Samsung အနေနဲ့ ဒီနှစ်အတွက် Galaxy Note Series ဖုန်းအသစ် ထုတ်လုပ်ဖို့မရှိဘူးလို့ ကြေငြာထားတာဟာ Note Series အစား ဒီ Foldable Smartphone တွေနဲ့ အစားထိုးချင်တာလားဆိုတာတော့ မသိရသေးပါဘူး။

Photo: CNET

ဒီ Galaxy Fold 3 ဟာ Samsung ရဲ့ စတုထ္ထမြောက် Galaxy Fold ပဲ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ထုတ်တဲ့ Galaxy Fold ဟာ အဆင်မပြေမှုတွေကြောင့် ရောင်းချခြင်းကို ပြန်လည်ရုတ်သိမ်းခဲ့ရပါတယ်။

ဒီဇိုင်းပိုင်းအနေနဲ့ Galaxy Fold 2 နဲ့ တော်တော်လည်း ဆင်တူပါတယ်။ ဒါပေမယ့် ပိုမိုကောင်းမွန်ကြံ့ခိုင်လာအောင် နေရာအတော်များများကို အဆင့်မြှင့်ပေးထားပါတယ်။ Screen ကို ကာကွယ်ပေးထားတဲ့ protective Film ဟာလည်း အရင်ကထက် ၈၀ ရာခိုင်နှုန်း ပိုမိုအကြမ်းခံနိုင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွေးခေါက်ပေးတဲ့ နေရာက Aluminum ဟာ ၁၀ ရာခိုင်နှုန်းလောက် ပိုမိုခိုင်ခံ့အောင်ပြုလုပ်ပေးထားပါတယ်။

Photo: CNET

Galaxy Z Fold 3 မှာ qualcomm ရဲ့ Snapdragon 888 Processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 12GB ပါဝင်မှာဖြစ်ကာ Storage အနေနဲ့ 256GB သို့မဟုတ် 512GB အဖြစ် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 5G အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကင်မရာအနေနဲ့ နောက်ကျောဘက်မှာ 12MP f/1.8 Wide Camera, 12MP f/2.0 Ultra Wide Camera နဲ့ f/2.4 Telephoto Camera တို့ 3 လုံး ပါဝင်မှာ ဖြစ်ပါတယ်။ Telephoto Camera မှာ Optical Image Stabilization (OIS) ပါဝင်လာပါတယ်။ ဒါ့အပြင် Cover Screen မှာလည်း 10MP Camera ပါဝင်ပါတယ်။ ဒါပေမယ့် အကြီးမားဆုံးအပြောင်းအလဲကတော့ Foldable Screen မှာပါဝင်တဲ့ကင်မရာကို Display ရဲ့အောက်မှာ မြှုပ်ထားပေးတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အရင်ကလို Notch တွေမလို၊ Display ကို အပေါက်ဖောက်စရာမလိုတော့ပဲ Display ရဲ့အောက်မှာ ပျောက်ကွယ်နေမှာဖြစ်ပါတယ်။ ဒီလို Under Display Camera မျိုးကို မကြာသေးခင်က မိတ်ဆက်သွားတဲ့ Xiaomi ရဲ့ Mix 4 မှာလည်း ပါဝင်ပါတယ်။ Samsung ရဲ့ ဒီ Display အောက်က ကင်မရာဟာ 4MP ရှိပါတယ်။ 4MP ဆိုတာ ဓာတ်ပုံတွေ ရိုက်ကူးမယ်ဆိုတော်တော်လေးကို နည်းလွန်းတယ်လို့ပြောလို့ရပေမယ့် Galaxy Fold 3 မှာ တခြား သူ့ထက်ကောင်းမွန်တဲ့ ကင်မရာတွေ နောက်ကျောဘက်နဲ့ Cover Screen မှာပါ ပါဝင်တာကြောင့် ဒီကင်မရာဟာ Video Call တွေပြောဖို့အတွက်သာ ရည်ရွယ်ထည့်သွင်းပေးထားပုံရပါတယ်။ ပိုမိုကောင်းမွန်တဲ့ Selfie ပုံတွေရိုက်ကူးချင်ရင်လည်း Cover Screen ကို အသုံးပြုပြီး နောက်ကျောဘက်က Main Camera နဲ့ ရိုက်ကူးနိုင်သလို Cover Screen မှာပါတဲ့ Selfie camera ကို အသုံးပြုပြီးလည်း ရိုက်ကူးနိုင်ပါသေးတယ်။

ဒါပမယေ့ြ ဒီ Under Display Camera ဟာ လုံးဝပွောကကြှယနြတောမွိုးမဟုတဘြဲ စကဝြိုငြးပုံလေး ပေါနြတော တှေ့နိုငပြါတယြ။ အထူးသဖှင့ြ Brightness မွားတဲ့ ပုံတှကေို ကှည့ရြှုရာမှာ ပိုမိုသိသားပါတယြ။ Samsung ရဲ့ အဆိုအရ ဒီ Camera နရောမှာ ပုံဖောပြေးတဲ့ Pixel တှကေို အနညြးဆုံးသာ ထည့သြှငြးပေးထားတယလြို့ဆိုပါတယြ။ အဓိကရညရြှယခြကွကြ ကငမြရာကို လုံးဝပွောကကြှယသြှားဖို့မဟုတဘြဲ ဖုနြးကိုအသုံးပှုနစဉေမြှာ ဒီကငမြရာနရောအတှကြ အနှောကအြယှကမြဖှဈအောငြ တတနြိုငသြမွှဖုံးပေးထားတဲ့ သဘောဖှဈပါတယြ။ တနညြးအားဖှင့ြ Notch တှေ၊ Punch Hole Camera တှနေဲ့စာရငြ ပိုမိုကောငြးမှနတြယလြို့ ဆိုနိုငပြါတယြ။ နောကပြိုငြး နညြးပညာတှေ တိုးတကလြာတဲ့အခါ ဒီထကြ ပိုကောငြးလာနိုငပြါတယြ။ ဒါ့အပှငြ Display ရဲ့အလညကြ ခေါကရြိုးနရောလေးဟာလညြး ရှိနဆေဲဖှဈပါတယြ။ ဒါပမယေ့ြ Screen ကိုဖှင့ထြားပှီး အသုံးပှုနစဉေမြှာတော့ အရမြးကှီး မသိသာပါဘူး။

S Pen ကို Z Fold 3 ရဲ့ 7.6 လက်မရှိတဲ့ Foldable Screen ပေါ်မှာ အသုံးပြုလို့ရနိုင်ပါတယ်။ ဒါပေမယ့် ထူးဆန်းစွာဘဲ Cover Screen ပေါ်မှာတော့ အသုံးပြုလို့ မရပါဘူး။ ဒီဖုန်းပေါ်မှာ အသုံးပြုဖို့ S Pen Fold Edition ကို သီးသန့် ဝယ်ယူအသုံးပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုစျေးကြီးတဲ့ S Pen Pro နဲ့ လည်း အသုံးပြုနိုင်ပြီး Foldable Phone တွေ ပေါ်မှာ အသုံးပြုနိုင်ဖို့ ပြောင်းလဲနိုင်တဲ့ ခလုတ်တခုပါဝင်ပါတယ်။ ဒီ S Pen နှစ်ခုလုံးမှာ အားများများနဲ့ဖိလိုက်ရင် အထဲကို ဝင်သွားတဲ့ အဖျားလေး ပါဝင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် Foldable Screen တွေကို ထိခိုက်မိခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီ S Pen တွေကို အသုံးပြုပြီး အားပြင်းပြင်းနဲ့ ဖိပြီး ဆွဲကြည့်တဲ့အခါ အရာတွေ ထင်ကျန်နေခြင်းမရှိတာ တွေ့ရပါတယ်။ ဒါပေမယ့် S Pen ကို အမြဲအသုံးပြုတတ်တဲ့သူတွေအနေနဲ့ အချိန်ကြာလာတဲ့အခါ ဘယ်လိုမျိုးဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Z Fold 3 မှာ အသစ်ပါဝင်လာတဲ့ Labs လုပ်ဆောင်ချက်ကို အသုံးပြုပြီး ဘယ် Application ကိုမဆို Split-Screen အနေနဲ့ ခွဲပြီး၊ ဒါမှမဟုတ် Popup View အနေနဲ့ထားပြီး Application တွေကို အပြိုင် Multitasking လုပ်ပြီး သုံးနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Edge Panel ကို Mac တွေလိုမှာလို Dock အဖြစ် Screen ရဲ့ ဘေးခြမ်းမှာ အမြဲတမ်း ထားရှိနိုင်ပါတယ်။

Galaxy Z Fold 3 ရဲ့ စျေးနှုန်းအနေနဲ့ အရင်နှစ်ကထက် ဒေါ်လာ ၂၀၀ ပိုမိုသက်သာလာတာတွေ့ရပါတယ်။ 12GB/256GB Version အတွက် 1799.99 ဒေါ်လာ ကျသင့်မှာဖြစ်ပြီး 12GB/512GB Version အတွက်တော့ 1899.99 ဒေါ်လာ ကျသင့်မှာပါ။ အရောင်တွေအနေနဲ့ Black, Silver နဲ့ Green ဆိုပြီး ၃ မျိုးရရှိနိုင်ပါတယ်။ Preorder တွေ စတင်လက်ခံနေပြီး August 27 မှာ တကမ္ဘာလုံးကို စတင်ဖြန့်ချိရောင်းချမယ်လို့ ဆိုပါတယ်။

Back to top button