News

Xiaomi 12S Ultra မှာ 1-inch Camera Sensor ပါဝင်လာမယ်

Xiaomi အနေနဲ့ 12S Utra မှာ 1-inch ရှိတဲ့ Sony IMX989 Camera Sensor ကို တပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ Sony နဲ့ အတူပူးတွဲပြီး ဖန်တီးထားတဲ့ ဒီ Camera Sensor ဟာ ကုန်ကျစရိတ် ဒေါ်လာ ၁၅ သန်းရှိခဲ့ပါတယ်။ ဒီကုန်ကျစရိတ်ကို Sony နဲ့ Xiaomi က တဝက်စီ ကျခံထားတယ်လို့ဆိုပါတယ်။ ခါတိုင်း ကင်မရာ Sensor တွေလို Sony ကနေ Xiaomi အတွက် သီးသန့် Customize လုပ်ပေးထားတာမဟုတ်ဘဲ အတူပူးပေါင်းပြီး ဖန်တီးထားတာပါ။

ဒီ Sensor မှာ Megapixel ဘယ်လောက်ပါဝင်လဲဆိုတာတော့ ပြောဆိုမထားပါဘူး။ ဒါပေမယ့် 200MP လိုမျိုး Megapixel အများကြီးပါဝင်မယ့် Sensor မဟုတ်ဘူးလို့ မျှော်လင့်ရပါတယ်။ အလင်းအားနည်းချိန်တွေ ပိုကောင်းတဲ့ ပုံတွေ ရိုက်ကူးနိုင်ဖို့၊ Autofocus မှာ ပိုမိုမြန်ဆန်လာဖို့ ဒါ့အပြင် Dynamic Rage ပိုမိုကောင်းမွန်လာဖို့ လုပ်ဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ Xiaomi ရဲ့ အဆိုအရ တိတိကျကျပြောရမယ်ဆိုရင် ဒီ Sensor သစ်ဟာ iPhone 13 Pro Max ရဲ့ Sensor ထက် ၇၆% ပိုပြီး အလင်းတွေကို ဖမ်းယူပေးနိုင်တယ်လို့ဆိုပါတယ်။

Xiaomi ရဲ့ အဆိုအရ Summicron လို့ခေါ်တဲ့ Lens Coating ပါဝင်ပြီး ဒီ Coating က အလင်းပြန်နှုန်း 0.2% ရှိပြီး အလင်းဖြတ်သန်းနိုင်နှုန်း 93% ရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပုံရိပ်တွေထဲက အနားစွန်းတွေမှာ ခရမ်းရောင်သမ်းနေတာတွေကိုလည်း လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။

Chipset အနေနဲ့ မကြာသေးခင်က ထွက်ထားတဲ့ Qualcomm ရဲ့ Snapdragon 8+ Gen 1 နဲ့ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် MediaTek ရဲ့ Dimensity 9000 chip ကို အသုံးပြုထားတဲ့ အမျိုးအစားကိုလည်း ထုတ်လုပ်နိုင်ပါသေးတယ်။

Xiaomi Mi 11 Ultra ဟာ ကုမ္ပဏီရဲ့ ပထမဆုံးသော Ultra Premium Flagship ဖုန်းတလုံးဖြစ်ပြီး ဒီနှစ် ပထမနှစ်ဝက်မှာလည်း Xiaomi 12 Ultra ထွက်ဖို့ စီစဉ်ထားခဲ့လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး ဒီအစား Xiaomi 12S နဲ့ 12S Ultra တို့ကို ထုတ်လုပ်တော့မယ်လို့ Xiaomi ရဲ့ Co-founder Lei Jun က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ လကလည်း Leica နဲ့ လက်တွဲလုပ်ဆောင်မယ့် Partnership အကြောင်း Xiaomi က ကြေငြာခဲ့တာကြောင့် Xiaomi 12S Ultra ဟာ ကင်မရာပိုင်းကို တော်တော်လေး ကောင်းမွန်အောင်လုပ်ဆောင်ထားမယ့် ဖုန်းတလုံးဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီဖုန်းတွေကို လာမယ့် July လ 4 ရက်နေ့ တရုတ်စံတော်ချိန် ည ၇ နာရီမှာ မိတ်ဆက်ပေးမှာပါ။

Via
Android Authority
Source
Xiaomi
Back to top button