AndroidNews

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ Galaxy Note 8 ရဲ့ Battery ပြဿနာကို Samsung တုန့်ပြန်

အရင်တပတ်က ထွက်ရှိခဲ့တဲ့ Galaxy Note 8 ရဲ့ Battery ပြဿနာတွေနဲ့ပတ်သက်ပြီး Samsung အနေနဲ့ တရားဝင် တုန့်ပြန်ခဲ့ပါတယ်။ သုံးစွဲသူတချို့အနေနဲ့ သူတို့ရဲ့ ဖုန်းတွေဟာ Battery ရာခိုင်နှုန်း သုညအထိရောက်ရှိသွားတဲ့အခါ အားပြန်သွင်းလို့ မရတော့တဲ့ ပြဿနာနဲ့ ကြုံတွေ့နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းဟာ ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့သွားပြီး အလားတူပြဿနာတွေကို Galaxy S8/S8+ နဲ့ Galaxy Tab S3 တချို့မှာလည်း ကြုံတွေ့ရတယ်လို့ သတင်းတွေ တက်လာခဲ့ပါသေးတယ်။

Samsung မှ  “ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုးသတင်းတွေကို ဂရုတစိုက်နဲ့ ကိုင်တွယ်နေပါတယ်။ ဒီလိုမျိုးပြဿနာတွေနဲ့ပတ်သက်တဲ့ စုံစမ်းမေးမြန်းမှုမျိုးအနည်းငယ်သာ ရရှိပါသေးတယ်။ ဒါကြောင့်မို့ နောက်ထပ် သတင်းအချက်အလက်တွေ ထပ်မံရရှိမှပဲ ဒီအကြောင်း ဆက်လက်ပြောကြားနိုင်ပါလိမ့်မယ်” လို့ PC World ကို ပြောကြားခဲ့ပါတယ်။

Samsung အနေနဲ့ ဒီပြဿနာကို စုံစမ်းစစ်ဆေးနေပြီး သုံးစွဲသူတွေအနေနဲ့ မိမိဖုန်းမှာ ဒီလိုပြဿနာရှိမရှိ စစ်ဆေးသင့်ပါတယ်။

Ref: Gsmarena, PC World

Source
GSMArena
Back to top button