AndroidNewsSamsung

Galaxy S8 နဲ့ S8+ အတွက် Android Oreo ထွက်ရှိ

Samsung Galaxy S8 နဲ့ S8+ အတွက် Android 8.0 Oreo Update ကို ဂျာမနီမှာ စတင် ဖြန့်ချိပေးနေပြီဖြစ်ပါတယ်။ Samsung က ဂတိပေးထားတဲ့အတိုင်း beta tester လုပ်ထားသူတွေအနေနဲ့ ပထမဆုံးရရှိမှာဖြစ်ပြီး Nougat တင်ထားတဲ့သူတွေအနေနဲ့ကတော့ နောက်၂၄ နာရီအတွင်းမှာ ဒီ Update ကို ရရှိမယ်လို့ ယူဆရပါတယ်။ တခြားနိုင်ငံတွေအနေနဲ့တော့ လာမယ့် ရက်ပိုင်းတွေအတွင်းမှာ ဆက်လက်ဖြန့်ချိပေးဖို့ ရှိနေပါတယ်။ ဒါပေမယ့် Samsung ရဲ့ အရင်က ဖြန့်ချိခဲ့တဲ့ မှတ်တမ်းတွေအရ တချို့နိုင်ငံတွေအတွက်တော့ လချီပြီး စောင့်ရနိုင်ပါတယ်။

Photo: Sammobile

Samsung အနေနဲ့ Beta Program ကို အဆုံးသတ်ပြီးနောက် အခု Final Version ကို ထုတ်လုပ် ဖြန့်ချိပေးဖို့ ၂ ပတ်ခန့်ထိ ကြာမြင့်ခဲ့တာ တွေ့ရပါတယ်။ အခု ထွက်ပေါ်လာတဲ့ Update ဖိုင်ဆိုဒ်ဟာ 487MB ခန့်ရှိပြီး February 2018 Security Update ပါ ပါဝင်ပါတယ်။ Beta Program မှာ မပါဝင်ထားသူတွေအနေနဲ့ တော့ ဖိုင်ဆိုဒ်က ဒီထက် ပိုမိုကြီးမားနိုင်ပါတယ်။ ဒီ Android 8.0 Oreo Update မှာ Samsung Experience UX Version အသစ်အပါအဝင် Feature အသစ်တွေ ထပ်မံပါဝင်လာပါတယ်။

Source
Sammobile
Back to top button