AppleFeaturedHow-ToNews

iPhone 13 နဲ့ iPhone 13 Pro: ဘယ်ဖုန်းကို ရွေးမလဲ

Apple အနေနဲ့ မကြာသေးခင်ကပဲ ဒီနှစ်အတွက် iPhone Lineup ကို မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒီ ဖုန်းတွေထဲကမှ ဘယ်ဖုန်းကိုဝယ်ရမလဲ၊ ဘယ်ဖုန်းကို ဝယ်သင့်လဲစဉ်းစားနေသူများအတွက် ရွေးချယ်နိုင်အောင် နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ်။

ဒီနှစ်မှာလည်း မနှစ်ကလိုပဲ iPhone 13 mini, iPhone 13, iPhone 13 Pro နဲ့ iPhone 13 Pro Max ဆိုပြီး ထွက်လာပါတယ်။ ဒီထဲကမှ iPhone 13 mini နဲ့ iPhone 13 တို့ဟာ အရွယ်အစားနဲ့ Battery Capacity ကလွဲပြီး ကျန်တာ အတူတူပဲဖြစ်ပါတယ်။ ဒီလိုပဲ iPhone 13 Pro နဲ့ iPhone 13 Pro Max တို့ဟာလည်း အရွယ်အစားနဲ့ Battery Capacity ပဲကွာခြားတာဖြစ်ပြီး ကျန်တာတွေ အတူတူပဲဖြစ်ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ iPhone 12 Pro Max ဟာ iPhone 12 Pro ထက် ကင်မရာပိုင်းမှာလည်း ပိုမိုကောင်းမွန်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အတူတူပဲဖြစ်ပါတယ်။

iPhone 13 mini နဲ့ iPhone 13 Pro Max တို့ကို ရွေးချယ်မယ့်သူတွေအတွက်ကတော့ ဝေခွဲမရဖြစ်စရာ သိပ်မရှိတဲ့အတွက် ထူးထူးခြားခြားပြောစရာမလိုလောက်ဘူးလို့ ယူဆပါတယ်။ စျေးသက်သာတာကိုပဲ တတ်နိုင်တဲ့သူ၊ ဒါမှမဟုတ် အရွယ်အစားသေးတဲ့ ဖုန်းကိုပဲ ကြိုက်တဲ့သူတွေအနေနဲ့ iPhone 13 mini ကို ရွေးချယ်ဝယ်ယူကြမှာဖြစ်ပြီး အရွယ်အစားကြီးကြီး Battery ကြာကြာ အသုံးခံတဲ့ဖုန်းကို ကြိုက်နှစ်သက်တဲ့ သူတွေအနေနဲ့ကတော့ iPhone 13 Pro Max ကို ရွေးချယ် ဝယ်ယူကြမှာ ဖြစ်ပါတယ်။

iPhone 13 နဲ့ iPhone 13 Pro တို့ဟာ အရွယ်အစားအားဖြင့် အတူတူနီးပါးဖြစ်ပြီး Display အနေနဲ့ 6.1 လက်မ ရှိပါတယ်။ ဒါ့အပြင် A15 Bionic Processor ကို အသုံးပြုထားတာခြင်းလည်း တူညီပါတယ်။ ဒါပေမယ့် အသေးစိပ်ကြည့်မယ်ဆိုရင်တော့ မတူတာတွေကို တွေ့ရမှာဖြစ်ပါတယ်။

Display

ပထမဆုံးအနေနဲ့ Display ပိုင်းကို နှိုင်းယှဉ်ကြည့်ပါမယ်။ Display အရွယ်အစားအနေနဲ့ iPhone 13 နဲ့ iPhone 13 Pro ဟာ အတူတူပဲဖြစ်ပါတယ်။ နှစ်ခုလုံးဟာ 6.1 လက်မရှိတဲ့ Super Retina XDR OLED Display ကို အသုံးပြုထားပြီး Resolution အားဖြင့် 2534 x 1170 ရှိပါတယ်။ ဒါပေမယ့် iPhone 13 Pro ရဲ့ Maximum Brightness ဟာ 1000 nits ထိရှိပြီး iPhone 13 ကတော့ 800 nits ထိပဲရှိပါတယ်။ ဒါဟာ အလင်းရောင်များတဲ့ နေရောင်အောက်မှာလိုမျိုးကြည့်တဲ့အခါ သိသာသွားမှာဖြစ်ပါတယ်။ HDR Content တွေကိုကြည့်မယ်ဆိုရင်တော့ ဖုန်းနှစ်ခုစလုံးဟာ 1200 nits ထိ ပြသပေးနိုင်ပါတယ်။

ဒီဖုန်းနှစ်လုံးကို သိသိသာသာ ကွဲပြားသွားစေတဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တခု iPhone 13 Pro မှာ ပါရှိပါတယ်။ အဲ့ဒါကတော့ လူတိုင်းကမျှော်လင့်နေကြပြီး ဒီနှစ်မှာမှ ပါဝင်လာတဲ့ ProMotion Display Technology ပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ iPad Pro တွေမှာပါဝင်တာကြာပြီဖြစ်ပေမယ့် iPhone တွေမှာတော့ အခုမှစတင်ပါဝင်လာာဖြစ်ပြီး Pro Model တွေအတွက် သီးသန့်ဖြစ်တာကြောင့် iPhone 13 မှာ မပါဝင်ပါဘူး။ iPhone 13 Pro မှာ ပါဝင်တဲ့ ProMotion ဟာ သုံးစွဲနေတဲ့ အခြေအနေပေါ်မူတည်ပြီး Refresh Rate ကို 10Hz ကနေ 120Hz အထိ လိုသလို ပြောင်းလဲပြသပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ အရင်က ထွက်ခဲ့တဲ့ iPhone တွေမှာ 60Hz ပုံသေပဲ ပါရှိပါတယ်။ 120Hz ထိပြသပေးနိုင်တာကြောင့် သုံးစွဲချိန်မှာ မြန်ဆန်ပေါ့ပါးပြီး ချောချောမွေ့မွေ့ဖြစ်နေတာကို ခံစားရမှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ်အတူတူ ပါဝင်တဲ့ Display နည်းပညာတွေကတော့

  • 2000000:1 Contract Ratio
  • True Tone Display
  • Wide Color Gamut (P3)
  • Haptic Touch
  • HDR Display

Design

Design ပိုင်းအနေနဲ့ iPhone 13 နဲ့ iPhone 13 Pro တို့ဟာ အတူတူပဲဖြစ်ပါတယ်။ ဘေးဘောင်းတွေဟာ iPhone 12 လို အပြားဖြစ်ပြီး Screen ဟာလည်း ဟိုဘက်စွန်း ဒီဘက်စွန်း ပြည့်လု နီးပါးဖြစ်ပါတယ်။ Notch အနေနဲ့ ၂၀% ပိုမိုသေးသွားပါတယ်။ ထူးခြားတာကတော့ iPhone 13 ကို လေယာဉ်တွေမှာသုံးတဲ့ Aluminum ကို အသုံးပြုထားပြီး iPhone 13 Pro မှာတော့ ခွဲစိတ်တဲ့နေရာတွေမှာသုံးတဲ့ Surgical-Grade Stainless Steel ကို အသုံးပြုထားပါတယ်။ ဒါကြောင့် iPhone 13 ရဲ့ ဘေးအနားတွေဟာ ခပ်ကြမ်းကြမ်းပုံစုံမျိုးဖြစ်ပြီး iPhone 13 Pro မှာတော့ တောက်တောက်ပြောင်ပြောင် ဘေးအနားတွေဖြစ်ပါတယ်။ ဒီမတူညီတဲ့ ပစ္စည်းတွေကို အသုံးပြုထားတာကြောင့် iPhone 13 Pro ဟာ iPhone 13 ထက် အနည်းငယ်ပိုလေးပါတယ်။ အတိအကျအားဖြင့် iPhone 13 ဟာ 174g လေးပြီးiPhone 13 Pro ဟာ 204g လေးပါတယ်။

iPhone 13 Pro နဲ့ iPhone 13 တို့ရဲ့ အတိုင်းအတာတွေနဲ့ အတူတူပဲဖြစ်ပြီး အမြင့် အနေနဲ့ 5.78 inches (146.77mm) ရှိကာ အကျယ်အနေနဲ့ 2.82 inches (71.5mm) ရှိပြီး အထူကတော့ 0.3 inches (7.65mm) ရှိပါတယ်။ ဒီဖုန်းနှစ်လုံးလုံးဟာ IP68 Rating ရရှိထားပြီး ရေအနက် ၆ မီတာမှာ မိနစ် ၃၀ အထိ နှစ်ထားနိုင်ပါတယ်။

Performance and Battery Life

iPhone 13 နဲ့ iPhone 13 Pro နှစ်ခုလုံးကို A15 Bionic Processor တပ်ဆင်ပေးထားပါတယ်။ ဒီ Processor မှာ 6-Core CPU ပါဝင်ပြီး ၂ ခုကတော့ Performance အတွက် အသုံးပြုကာ နောက် ၄ ခုကတော့ စွမ်းအင်ခြွေတာနိုင်တဲ့ Efficiency Core တွေဖြစ်ပါတယ်။ A15 Bionic Processor မှာ Machine Learning နဲ့ Artificial Intelligence တွေအတွက် 16-core Neural Engine ပါဝင်ပါတယ်။

iPhone 13 နဲ့ iPhone 13 Pro တို့မှာ မတူညီတာတခုကတော့ iPhone 13 မှာ 4-core GPU ပါဝင်ပြီး iPhone 13 Pro မှာတော့ 5-core GPU ပါဝင်လာတာဖြစ်ပါတယ်။ RAM အနေနဲ့ ပြောင်းလဲမှုမရှိဘဲ iPhone 13 မှာ 4GB RAM ပါဝင်ပြီး iPhone 13 Pro မှာတော့ 6GB RAM ပါဝင်ပါတယ်။

ဖုန်းနှစ်ခုလုံးမှာ Battery ပိုင်းအနေနဲ့ သိသိသာသာ ပိုမိုကောင်းမွန်လာပါတယ်။ Apple ရဲ့အဆိုအရ iPhone 13 ဟာ iPhone 12 ထက် 2.5 နာရီ ပိုမိုအသုံးခံပြီး iPhone 13 Pro ကတော့ iPhone 12 Pro ထက် 1.5 နာရီ ပိုမိုအသုံးခံမယ်လို့ ဆိုပါတယ်။

iPhone 13 Battery ခန့်မှန်းချက်

  • သီချင်းနားထောင် – ၇၅ နာရီ
  • Online ကနေ ဗီဒီယိုကြည့် – ၁၅ နာရီထိ
  • ဗီဒီယိုကြည့် – ၁၉ နာရီထိ

iPhone 13 Pro Battery ခန့်မှန်းချက်

  • သီချင်းနားထောင် – ၇၅ နာရီ
  • Online ကနေ ဗီဒီယိုကြည့် – နာရီ ၂၀ ထိ
  • ဗီဒီယိုကြည့် – ၂၂ နာရီထိ

iPhone 13 ရော iPhone 13 Pro ရော Fast Charging ကို အထောက်အပံ့ပေးထားပြီး 20W Charger နဲ့ အားသွင်းပါက မိနစ် ၃၀ အတွင်း 50% အထိ အားသွင်းပေးနိုင်ပါတယ်။ Qi Wireless Charging နဲ့ အားသွင်းပါက 7.5W နှုန်းနဲ့ အားသွင်းနိုင်ပြီး MagSafe Wireless Charger နဲ့ အားသွင်းပါက 15W ထိ အားသွင်းနိုင်ပါတယ်။

Camera

iPhone 13 နဲ့ iPhone 13 Pro မှာ ထူးထူးခြားခြား ထပ်မံကွဲပြားသွားတာကတော့ ကင်မရာပိုင်းပဲ ဖြစ်ပါတယ်။ iPhone 13 မှာ 12MP Wide ကင်မရာနဲ့ Ultra Wide Camera တို့ နောက်ကျောဘက်မှာပါဝင်ပြီး ရှေ့ဘက်မှာတော့ 12MP f/2.2 Selfie Camera ပါဝင်ပါတယ်။

iPhone 13 Camera Features

  • Dual 12MP camera system: Wide and Ultra Wide cameras
  • Wide: ƒ/1.6 aperture
  • Ultra Wide: ƒ/2.4 aperture and 120° field of view
  • 2x optical zoom out
  • Digital zoom up to 5x
  • Portrait mode with advanced bokeh and Depth Control
  • Portrait Lighting with six effects (Natural, Studio, Contour, Stage, Stage Mono, High‑Key Mono)
  • Sensor‑shift optical image stabilization (Wide)
  • Seven‑element lens (Wide); five‑element lens (Ultra Wide)
  • True Tone flash with Slow Sync
  • Panorama (up to 63MP)
  • Sapphire crystal lens cover
  • 100% Focus Pixels (Wide)
  • Night mode
  • Deep Fusion
  • Smart HDR 4
  • Photographic Styles
  • Wide color capture for photos and Live Photos
  • Lens correction (Ultra Wide)
  • Advanced red‑eye correction
  • Auto image stabilization
  • Burst mode
  • Photo geotagging
  • Image formats captured: HEIF and JPEG

iPhone 13 Pro မှာ တော့ Wide, Ultra Wide နဲ့ Telephoto ဆိုပြီး နောက်ကျောဘက်ကင်မရာ ၃ ခုပါဝင်ပါတယ်။ ဒါ့အပြင် LiDAR Scanner လည်း ပါဝင်ပါတယ်။ ရှေ့ဘက်မှာတော့ iPhone 13 လို 12MP f/2.2 Selfie Camera ပါဝင်ပါတယ်။

iPhone 13 Pro Camera Features

  • Pro 12MP camera system: Telephoto, Wide, and Ultra Wide cameras
  • Telephoto: ƒ/2.8 aperture
  • Wide: ƒ/1.5 aperture
  • Ultra Wide: ƒ/1.8 aperture and 120° field of view
  • 3x optical zoom in, 2x optical zoom out; 6x optical zoom range
  • Digital zoom up to 15x
  • Night mode portraits enabled by LiDAR Scanner
  • Portrait mode with advanced bokeh and Depth Control
  • Portrait Lighting with six effects (Natural, Studio, Contour, Stage, Stage Mono, High‑Key Mono)
  • Dual optical image stabilization (Telephoto and Wide)
  • Sensor‑shift optical image stabilization (Wide)
  • Six‑element lens (Telephoto and Ultra Wide); seven‑element lens (Wide)
  • True Tone flash with Slow Sync
  • Panorama (up to 63MP)
  • Sapphire crystal lens cover
  • 100% Focus Pixels (Wide)
  • Night mode
  • Deep Fusion
  • Smart HDR 4
  • Photographic Styles
  • Macro photography
  • Apple ProRAW
  • Wide color capture for photos and Live Photos
  • Lens correction (Ultra Wide)
  • Advanced red‑eye correction
  • Photo geotagging
  • Auto image stabilization
  • Burst mode
  • Image formats captured: HEIF and JPEG

Video Recording

Video ရိုက်ကူးမှုအပိုင်းမှာတော့ iPhone 13 ရော iPhone 13 Pro မှာပါ 4K 24fps, 25fps, 30fps နဲ့ 60fps တို့ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် Dolby Vision HDR Video တွေကို 4K 60fps ထိ ရိုက်ကူးပေးနိုင်ပါတယ်။ ဖုန်းနှစ်ခုစလုံး Cinematic Mode ပါဝင်ပြီး Portrait Photo လိုမျိုးလုပ်ဆောင်ချက်ကို Video အတွက် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ Cinematic Mode မှာ 1080P ကို 30fps မှာပဲ ရိုက်ကူးပေးနိုင်ပါတယ်။ ထူးခြားချက်တခုကတော့ iPhone 13 Pro ဟာ ProRes Video Recording ကို 4K 30fps မှာရိုက်ကူးပေးနိုင်ပါတယ်။ အားနည်းချက်တခုအနေနဲ့ 128GB Version မှာတော့ 1080P 30fps မှာပဲ ရိုက်ကူးပေးနိင်ပါတယ်။ ဒါဟာ Professional Videographer တွေအတွက်တော့ အဓိကကျတဲ့ လုပ်ဆောင်ချက်တခုပဲ ဖြစ်ပါတယ်။

iPhone 13 ကို Midnight, Starlight, Blue, Red နဲ့ Pink ဆိုပြီး အရောင် ၅ ရောင်နဲ့ ရရှိနိုင်ပါတယ်။ iPhone 13 Pro မှာတော့ Silver, Graphite, Gold နဲ့ Sierra Blue ဆိုပြီး အရောင် ၄ ရောင်နဲ့ ရရှိနိုင်ပါတယ်။

iPhone 13 အတွက် စျေးနှုန်းအနေနဲ့ကတော့ 128GB အတွက် $799, 256GB အတွက် $899 နဲ့ 512GB အတွက် $999 ကျသင့်မှာဖြစ်ပါတယ်။

iPhone 13 Pro အတွက် စျေးနှုန်းတွေကတော့ 128GB အတွက် $999, 256GB အတွက် $1099, 512GB အတွက် $1299  နဲ့ 1TB အတွက် $1499 ကျသင့်မှာဖြစ်ပါတယ်။

iPhone 13iPhone 13 Pro
Display6.1-inches Super Retina XDR OLED6.1-inches Super Retina XDR OLED
Promotion DisplayNoYes
FinishAluminumStainless Steel
ProcessorA15 BionicA15 Bionic
RAM4GB6GB
CPU Cores6 core6 cores
GPU Cores4 core5 core
DurabilityIP68IP68
Battery LifeUp to 19 hours VideoUp to 22 hours Video
CameraDual-lens 12MPTriple-lens 12MP
Optical Zoom Range2x6x (Telephoto 3x)
LiDARNoYes
ProResNoYes
ProRAWNoYes
Cinematic ModeYesYes
5GYesYes
Weight174g204g
Storage128GB,256GB,512GB128GB,256GB,512GB,1TB
PricingFrom $799From $999

အချက်အလက်တွေအားလုံး နှိုင်းယှဉ်ကြည့်ပြီးတဲ့အခါမှာတော့ iPhone 13 နဲ့ iPhone 13 Pro မှာ ဘာကို ရွေးချယ်ရမလဲဆိုတာ သုံးသပ်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ Storage အတူတူဆို iPhone 13 Pro က ဒေါ်လာ ၂၀၀ ပိုကျမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ProMotion Display တခုတည်းနဲ့တင် ဒေါ်လာ ၂၀၀ ပိုကုန်ကျတာ တန်တယ်လို့ မြင်မိပါတယ်။ တခြား လူအများအသုံးများကြတဲ့ ကင်မရာပိုင်းမှာပိုကောင်းသွားတာ LiDAR Scanner တွေပါဝင်တာတွေပေါင်းစပ်လိုက်ရင် iPhone 13 အစား iPhone 13 Pro ကို ရွေးချယ်သင့်တယ်လို့ ယူဆပါတယ်။ ကင်မရာကောင်းကောင်းရဖို့ မနှစ်ကလို Pro Max အထိ ဝယ်ယူစရာမလိုတာက ပိုမိုအားသာချက်တခုဖြစ်ပါတယ်။ iPhone 12, iPhone 12Pro တို့လိုမျိုး မနှစ်ကထွက်တဲ့ iPhone ကို အသုံးပြုနေသူတွေအတွက်တော့ ဒီနှစ် iPhone 13 ကို ပြောင်းလဲကိုင်ဆောင်ဖို့ မတန်ဘူးလို့ ယူဆပါတယ်။ အထူးသဖြင့် အခုလိုမျိုးအခြေအနေတွေမှာ ပိုပြီး မဝယ်သင့်ဘူးလို့ ထင်ပါတယ်။ ဒီနှစ်ထွက်တဲ့ iPhone 13 တွေဟာ ဟိုးအရင်က S Series iPhone တွေလိုမျိုး မနှစ်က ဖုန်းကို အနည်းငယ်အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။ ဒီအစား နောက်နှစ်မှာထွက်မယ့် iPhone 14 ကို စောင့်သင့်ပါတယ်။ မဖြစ်မနေဝယ်ယူရမယ်ဆိုရင်တော့ ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ဟာ အသင့်တော်ဆုံးဖြစ်မယ့်ဖုန်းကို သေချာရွေးချယ်ဝယ်ယူဖို့ အကြံပြုချင်ပါတယ်။

Via
9to5Mac
Back to top button