iPhone, iPad တွေမှာ Application တွေကို Install ပြုလုပ်ဖို့ App Store တခုကိုသာ အားကိုးနေရတာပါ။ Android တွေမှာဆိုရင် Apk ဖိုင်ရှိရုံနဲ့ Install ပြုလုပ်လို့ရပေမယ့် Apple Device တွေအနေနဲ့ IPA ဖိုင်ရှိရုံနဲ့ Install ပြုလုပ်လို့မရအောင် Apple ကနေ ကန့်သတ်ထားပါတယ်။
အရင်က ဒီလို IPA ဖိုင်တွေကို Install ပြုလုပ်ချင်ရင် iPhone, iPad တွေကို Jailbreak ပြုလုပ်ပြီးမှ Install လုပ်လို့ရပါတယ်။ Android ဖုန်းတွေလိုမှာဆို Root လုပ်တာကို ခေါ်တာပါ။ ဒီအတွက် Warranty ပျက်သလို စက်ရဲ့ လုံခြုံရေးလည်း ထိခိုက်ပါတယ်။ ဒါပေမယ့် နည်းလမ်းမရှိဘူးလားဆိုတော့ နည်းလမ်းရှိပါတယ်။ IPA ဖိုင်တွေကို iPhone, iPad ပေါ် Install ပြုလုပ်ဖို့ Cydia Impactor လို့ ခေါ်တဲ့ Application တခုနဲ့ Install လုပ်တာနဲ့ AltStore လို့ခေါ်တဲ့ App တခုနဲ့ Install ပြုလုပ်တာဖြစ်ပါတယ်။ ဒါတွေကို Install လုပ်ဖို့ ကွန်ပျူတာတစ်လုံးမဖြစ်မနေလိုအပ်ပါတယ်။ Mac ဖြစ်စေ၊ Windows ဖြစ်စေ အဆင်ပြေပါတယ်။
Cydia Impactor ရဲ့ အားနည်းချက်က IPA ဖိုင်တွေကို Install လုပ်လိုတိုင်း ကွန်ပျူတာကိုအသုံးပြုပြီး လုပ်ရတာပါ။ နောက်ပြီး Cydia Impactor နဲ့ Install လုပ်ထားတဲ့ Application တိုင်းဟာ ၇ ရက်ထိပဲ သက်တမ်းရှိပြီး ဆက်သုံးချင်ရင် ၇ ရက်ပြည့်တဲ့အခါ ထပ်ပြီး Install လုပ်ပေးရတာပဲဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ Apple ရဲ့ ကန့်သတ်ချက်ကြောင့်ပါ။
Apple အနေနဲ့ Application ရေးတဲ့ Developer စမ်းသပ်ဖို့ App Store ကမဟုတ်တဲ့ App တွေကို iPhone, iPad တွေမှာ ၇ ရက်စာ စမ်းသပ်ထည့်သွင်းနိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။ အဲ့လိုမှမဟုတ်ရင် တနှစ်ကို ၉၉ ဒေါ်လာပေးရတဲ့ Apple Developer Account ဖွင့်ထားရပါတယ်။ အဲ့လိုဖွင့်ထားမယ်ဆိုရင်တော့ သက်တမ်းတိုးစရာမလိုဘဲ ၁ နှစ်တိတိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ AltStore ကို အသုံးပြုမယ်ဆိုရင်တော့ AltStore App ကို iPhone, iPad တွေပေါ်မှာသွင်းဖို့ ကွန်ပျူတာ တစ်ကြိမ်လိုအပ်မှာဖြစ်ပြီး အဲ့ဒီနောက်တော့ IPA ဖိုင်တွေကို iPhone, iPad တွေပေါ်မှာပဲ Install ပြုလုပ်လို့ရမှာဖြစ်ပါတယ်။ AltStore App ကို Install လုပ်ဖို့ ကွန်ပျူတာမှာ AltServer Application သွင်းထားဖို့ လိုအပ်ပါတယ်။ သူ့အနေနဲ့လည်း Cydia Impactor လိုပဲ ၇ ရက်သက်တမ်းပဲရှိတဲ့အားနည်းချက်ရှိပါတယ်။ ဒါပေမယ့် ဒီ ၇ ရက်သက်တမ်းကို အလိုအလျောက်သက်တမ်းတိုးပေးနိုင်တဲ့ လုပ်ဆောင်ချက်ထည့်သွင်းပေးထားပါတယ်။ ဒီလို အလိုအလျောက်သက်တမ်းတိုးဖို့တော့ Computer နဲ့ iPhone, iPad ဟာ WiFi Network တစ်ခုတည်းပေါ်မှာ ချိတ်ဆက်ထားရမှာဖြစ်ပြီး ကွန်ပျူတာမှာရှိတဲ့ AltServer ဟာလည်း Run နေရမှာဖြစ်ပါတယ်။ ပြီးရင် ဖုန်းမှာရှိတဲ့ AltStore ကို ဖွင့်ပေးလိုက်တာနဲ့ အလိုလို သက်တမ်းတိုးပေးမှာဖြစ်သလို ကိုယ်တိုင်လည်း Manual အနေနဲ့ Update လုပ်သက်တမ်းတိုးလို့ရပါတယ်။ ဒီလိုဖြစ်ဖို့ ၇ ရက်မပြည့်ခင် တကြိမ်လောက်လုပ်ပေးတာနဲ့ ရနိုင်ပါတယ်။
Windows PC တွေပေါ်မှာ Altstore Server Install ပြုလုပ်ဖို့ iTunes နဲ့ iCloud ကို Install ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ Microsoft Store မှာရှိတဲ့ iTunes, iCloud တွေနဲ့ မရပါ။ iTunes နောက်ဆုံးဗားရှင်းကို ဒီမှာ ဒေါင်းပါ။ အထူး သတိထားရမှာက iTunes ကို Download ပြုလုပ်တဲ့အခါမှာ Apple အနေနဲ့ Microsoft Store မှာရှိတဲ့ iTunes ကို ဒေါင်းလုပ်လုပ်ဖို့ပြမှာဖြစ်ပြီး Looking for other versions ဆိုတဲ့နေရာမှာရှိတဲ့ Windows ဆိုတာကို ရွေးပေးမှ ပုံထဲကလို ပေါ်လာမှာဖြစ်ပါတယ်။ iCloud နောက်ဆုံးဗားရှင်းကို ဒီမှာ ဒေါင်းပါ။
ဒါတွေအကုန် Install လုပ်ပြီးပြီဆိုရင်တော့ Altserver ကို ဒီမှာ ဒေါင်းရပါမယ်။ ဒါဟာ Windows အတွက်ဖြစ်ပြီး Mac အတွက်ကတော့ ဒီမှာ ဒေါင်းပါ။ Altserver ကို Download လုပ်ပြီးချိန်မှာတော့ Computer ထဲမှာ AltInstaller.zip ဆိုတဲ့ ဖိုင်ကို Extract လုပ်ရပါမယ်။ Mac မှာဆိုရင်တော့ Extract လုပ်လို့ ရလာမယ့် Altserver.app ဆိုတာကို Application Folder ထဲ ဆွဲထည့်ပြီး Install လုပ်ရပါမယ်။ Windows အတွက်တော့ Zip ဖြည်လိုက်တဲ့အချိန်မှာရလာမယ့် Setup.exe ဖိုင်ကို နှစ်ချက်နှိပ်ပြီး Install လုပ်ပေးရမှာပါ။
- Facebook Account တွေ အလိုအလျောက် Sign Out ဖြစ်နေ
- Samsung Galaxy Unpacked 24 မှာ ဘာတွေ မိတ်ဆက်သွားလဲ
- “Apple TV+ 2 Months Free”
- iPhone 14 Review
- iPhone 14 Pro Review
အဲ့ဒီနောက် iPhone, iPad ကို Lock ဖြည်ပြီး ကွန်ပျူတာမှာချိတ်ဆက်ရပါမယ်။ တကယ်လို မေးလာခဲ့မယ်ဆိုရင် Trust your iPhone/iPad with your computer မှာ Trust လုပ်ပေးရပါမယ်။ ဒီအတွက် iPhone, iPad ရဲ့ Passcode ကိုတောင်းပါလိမ့်မယ်။ ကွန်ပျူတာနဲ့ချိတ်ဆက်ပြီးရင်တော့ Altserver ကို ကွန်ပျူတာမှာ Run ပေးရမှာပါ။ အဲ့ဒီနောက် Altserver ကို Notification Area ထဲမှာရှိတဲ့ Altserver Icon ကို နှိပ်ပြီး Install AltStore ကိုရွေးပေးရပါမယ့်။ ဒီထဲမှာ ချိတ်ဆက်ထားတဲ့ iPhone, iPad ပေါ်လာမှာဖြစ်ပြီး AltStore ကို Install လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒီလို Install လုပ်ရာမှာ AppleID ကို မေးမှာဖြစ်ပြီး မိမိရဲ့ AppleID နဲ့ Password ကို ရိုက်ထည့်ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ Two Factor Authentication On ထားမယ်ဆိုရင် လိုအပ်တဲ့ ကုဒ်ကို ထည့်ပေးဖို့ လိုပါတယ်။
ဒါဆိုရင်တော့ AltStore App ကို မိမိရဲ့ iPhone, iPad မှာ Install ပြုလုပ်ပြီးသွားပြီဖြစ်ပြီး မိမိလိုအပ်တဲ့ IPA ဖိုင်များကို Install ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ AltStore မှာတော့ Application တွေ များများစားစားမရှိသေးဘဲ Delta လိုမျိုး Emulator တခုသာပါဝင်လာဦးမှာဖြစ်ပြီး အဲ့ဒီကနေ ကျွန်တော်တို့ ကလေးဘ၀က ကစားခဲ့တဲ့ Super Mario လိုမျိုးဂိမ်းတွေကို ပြန်လည်ကစားနိုင်တော့မှာဖြစ်ပါတယ်။ Delta နဲ့ ကစားလို့ရတဲ့ Game System တွေကတော့ Nintendo Entertainment System, Super Nintendo Entertainment System, Nintendo 64, Game Boy (Color), Game Boy Advance နဲ့ တခြား Game System တော်တော်များများကို ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒီဂိမ်းတွေမှာပါတဲ့ Cheat Code တွေကိုလည်း အထောက်အပံ့ပေးထားလို့ ကလေးဘ၀ကို ပြန်ရောက်သွားသလို ခံစားရစေနိုင်မှာပါ။ ဒီ Game တွေကိုတော့ Online မှာ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
တခြား IPA ဖိုင်တွေကိုတော့ Online မှာရှိတဲ့ iOSNinja တို့လိုမျိုး IPA ဖိုင်တွေကို ဝေမျှတဲ့ Website တွေကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။
တခုသတိထားရမှာက ဒီ IPA ဖိုင်တွေဟာ Apple က တရားဝင်ခွင့်ပြုထားတဲ့ Application တွေမဟုတ်တာကြောင့် လုံခြုံရေးပိုင်းဆိုင်ရာနဲ့ ကြော်ငြာတွေပြသရာတွေမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီ IPA ဖိုင်တွေကို Install လုပ်မယ်ဆိုရင်တော့ အထူးသတိပြုရမှာဖြစ်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေအတွက် သုံးစွဲသူကိုယ်တိုင်သာ တာဝန်ယူဖြေရှင်းရမှာဖြစ်ပါတယ်။
အထက်က ဖော်ပြခဲ့တဲ့ နည်းလမ်းတွေအပြင် တခြား လစဉ်ကြေး နှစ်စဉ်ကြေးတွေယူပြီး ပိုက်ဆံပေးဝယ်ယူရတဲ့ Application တွေ၊ Game တွေကို အသုံးပြုခွင့်ပေးတဲ့ AppCake လိုမျိုး Website တွေရှိပေမယ့် ပိုက်ဆံပေးရတာအပြင် တခြားလုံခြုံရေးအားနည်းချက်တွေရောရှိတာကြောင့် အသုံးမပြုသင့်ပါဘူး။