Apple

iPhone SE (2020) ရဲ့ကင်မရာဟာ Apple ရဲ့ Software ပေါ်မှာ ပိုမိုမီခိုဖို့ရှိ

မကြာသေးခင်က ကြေငြာခဲ့တဲ့ Apple ရဲ့ ဒုတိယမျိုးဆက် iPhone SE (2020) ဟာ ၂၀၁၈ တုန်းက ထွက်ခဲ့တဲ့ iPhone XR ပြီးနောက် ကင်မရာတစ်လုံးတည်းနဲ့ထွက်လာတဲ့ iPhone ဖြစ်လာပါတယ်။ (Apple အနေနဲ့ iPhone SE လို့ခေါ်ပေမယ့် အရင် iPhone SE နဲ့ ရောမသွားအောင် iPhone SE 2 လို့ပဲ ဆက်လက်သုံးစွဲသွားပါမယ်)။ ဒီ ၃၉၉ ဒေါ်လာတန် iPhone SE 2 ဟာ ကင်မရာ Hardware ပိုင်းဆိုင်ရာမှာ အနိမ့်ဆုံးလိုဖြစ်နေပေမယ့် အရင်နှစ်ကထွက်ခဲ့တဲ့ A13 Bionic Chip ကို အသုံးပြုထားတာကြောင့် Apple ရဲ့ Image Processing ကနေ ကောင်းမွန်တဲ့ Result တွေ ထွက်လာနိုင်ပါတယ်။ ဒီ အနိမ့်ပိုင်း Hardware နဲ့ Software ပိုင်း ပေါင်းစပ်မှုကိုကြည့်ပြီး Apple အနေနဲ့ ဓာတ်ပုံပညာမှာ Software ပိုင်းအပေါ် ဘယ်လောက်မီခိုပြီး Hardware ပိုင်းပေါ်မှာ ဘယ်လောက်မီခိုနေမလဲဆိုတာ သိလာနိုင်ပါတယ်။

Hardware ပိုင်းအရကြည့်မယ်ဆိုရင် iPhone SE 2 ဟာ အတော်လေးရိုးရိုးရှင်းရှင်း တည်ဆောက်ထားတာ တွေ့ရပါတယ်။ နောက်ကျောဘက်မှာ f/1.8 ရှိတဲ့ 12MP Camera တပ်ဆင်ထားပြီး ဒါဟာ iPhone XR မှာလိုပဲ ကင်မရာတစ်လုံးပဲ တပ်ဆင်ပေးထားတာပါ။ ဒါ့အပြင် ၂၀၁၇ က ထွက်ခဲ့တဲ့ iPhone 8 နဲ့လည်း အတော်လေးကို ဆင်တူတာတွေ့ရပါတယ်။ iPhone 11 မှာလို 12MP Ultra Wide Camera မပါတော့သလို iPhone 11 Pro မှာလို 12MP Telephoto camera လည်း ပါဝင်မလာပါဘူး။ မျက်နှာချင်းဆိုင်ဘက်မှာတော့ iPhone 8 နဲ့ iPhone XR မှာလိုမျိုး 7 MP Selfie Camera ပါဝင်ပါတယ်။

Hardware ပိုင်းအနေနဲ့ ခေတ်နောက်ကျတယ်လို့ပြောလို့ရပေမယ့် Software ပိုင်းနဲ့ ချိန်ကြည့်မယ်ဆိုရင် ပိုမိုစိတ်ဝင်စားစရာကောင်းတာတွေ့ရပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ iPhone SE 2 ဟာ အရင်နှစ်က iPhone 11 တွေမှာလိုပဲ Apple ရဲ့ A13 Bionic chip ကို တပ်ဆင်ထားပါတယ်။ iPhone SE 2 ရဲ့ ဓာတ်ပုံရိုက်ကူးရာမှာ Software ပိုင်းကို အခြေပြုပြီး ဒီ Chip မှာပါတဲ့ Image Signal Processor နဲ့ Neural Engine တို့ပေါင်းစပ်ကာ ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်တွေရရှိအောင် လုပ်ဆောင်ပေးမယ်လို့ Apple ကနေ ပြောဆိုထားပါတယ်။

အသိသာဆုံးတစ်ခုကတော့ iPhone 11 တွေမှာ ပါဝင်ထားတဲ့ Smart HDR algorithm ကို အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ Semantic rendering လို့ခေါ်တဲ့ ဒီနည်းပညာဟာ ဓာတ်ပုံထဲမှာပါတဲ့ အရာ၀တ္ထုတစ်ခုချင်းစီကို ခွဲခြားမှတ်သားပြီး လိုအပ်သလို အလင်းပေးနိုင်တာဖြစ်ပါတယ်။

Smart HDR ကတော့ Exposure လျော့ထားတဲ့ ဓာတ်ပုံတွေနဲ့ Exposure ပိုများထားတဲ့ ဓာတ်ပုံတွေကို တဆက်တည်း အများကြီး ရိုက်ကူးပြီး အဲ့ဒီထဲကမှ လိုအပ်မယ်ထင်တဲ့နေရာတွေအတွက် လိုအပ်တဲ့အချက်အလက်တွေကို ရယူပြီး ပုံဖော်ပေးတာဖြစ်ပါတယ်။ အဲ့ဒီနောက်တော့ Semantic Rendering က ဓာတ်ပုံထဲမှာ ဘာပါလဲဆိုတာပေါ်မူတည်ပြီး လိုအပ်သလို ပြောင်းလဲမှုတွေ လုပ်ပေးတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆံပင်တွေကို ပိုပြီး ပြတ်ပြတ်သားသားဖြစ်အောင် လုပ်တာ၊ ကောင်းကင်မှာ Noise တွေမပါအောင် Noise တွေ လျော့ချတာ၊ ဒါမှမဟုတ် မျက်နှာကို ပိုလင်းလာအောင်လုပ်တာ စတာတွေ လုပ်ဆောင်ပေးပါတယ်။

iPhone 8 နဲ့ ယှဉ်မယ်ဆိုရင် iPhone SE 2 ရဲ့ ထူးခြားတဲ့ တချက်က Lens တစ်လုံးတည်းနဲ့ Portrait Photo တွေကို ရိုက်ကူးပေးနိုင်တာဖြစ်ပါတယ်။ (iPhone 8 Plus မှာတော့ ကင်မရာနှစ်လုံးပါဝင်တာကြောင့် Portrait Mode နဲ့ ရိုက်ကူးပေးနိုင်ပါတယ်။) iPhone XR မှာလည်း ဒီလို Feature ပါဝင်ပြီး iPhone XS တွေမှာပါတဲ့ Portrait Mode ထက် ပို Wide တဲ့ ကင်မရာနဲ့ ရိုက်တဲ့ iPhone XR ရဲ့ Portrait Mode ကို ပိုမိုသဘောကျပါတယ်။ iPhone SE 2 ကင်မရာဟာလည်း iPhone XR မှာလို တူညီတဲ့ f/1.8 ပါဝင်တာကြောင့် ကောင်းမွန်တဲ့ Portrait Mode Photo တွေရိုက်ကူးပေးနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ ဒီနည်းပညာကို အသုံးပြုပြီးတော့ပဲ တူညီတဲ့ Portrait Photo တွေကို Selfie Camera နဲ့လည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

iPhone SE 2 မှာ ပါဝင်တဲ့ တခြား ကင်မရာနည်းပညာတွေကတော့ iPhone 8 မှာကတည်းက ပါဝင်ပြီးဖြစ်လို့ အနည်းငယ် ခေတ်နောက်ကျနေပြီလို့ ပြောလို့ရပါတယ်။ Optical Image Stabilization ပါဝင်တာ၊ 6-Elements Lens ပါဝင်တာ၊ 4K 60fps ဗီဒီယိုရိုက်ကူးပေးနိုင်တာ၊ Slo-mo ဗီဒီယိုရိုက်ကူးပေးနိုင်တာတွေနဲ့ ဗီဒီယိုရိုက်ကူးရာမှာ Stabilization လုပ်ပေးနိုင်တာတွေ စတာတွေအားလုံးကို iPhone 8 မှာလည်း တွေ့နိုင်ပါတယ်။ ဒါပေမယ့် တခုသိထားရမှာက iPhone SE 2 ဟာ Apple ရဲ့ စျေးသက်သာတဲ့ အမျိုးအစားဖုန်းတလုံးဖြစ်လို့ ဒီလိုနည်းပညာတွေပဲ ပါဝင်လာတာ အံဩစရာတော့ မဟုတ်ပါဘူး။

မငြင်းနိုင်စရာတခုကတော့ တချို့သောနေရာတွေမှာ iPhone SE 2 ရဲ့ Hardware ပိုင်းဆိုင်ရာ အကန့်အသတ်တွေကြောင့် လုပ်ဆောင်မရတာတွေ ရှိနိုင်ပါတယ်။ ဥပမာအနေနဲ့ မြင်ကွင်းကျယ် Wide-Angle Lens မပါဝင်တာကြောင့် Software ပိုင်းကို ဘယ်လိုပဲအသုံးပြုပါစေ iPhone SE 2 ရဲ့ Main Camera မှာပါတဲ့ မြင်ကွင်းထက် ပိုကျယ်တဲ့ ပုံရိပ်တွေကို ဖမ်းယူရိုက်ကူးနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီလိုမျိုး Main Camera တစ်ခုတည်းပေါ်ပဲ မီခိုရိုက်ကူးနေရပေမယ့် Apple အနေနဲ့ Software Update တွေနဲ့အတူ ဘယ်လိုလုပ်ဆောင်ချက်တွေ ထပ်မံထည့်သွင်းပေးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

Via
The Verg
Back to top button